TNLA News

0 0
Read Time:2 Minute, 30 Second

သီပေါမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ပြီး ဖမ်းဆီးရရှိသော စစ်တပ်မိသားစု ၁၉၁ ဦးကို ပြန်လွှတ်ပေး

 

D Day News

အောက်တိုဘာလ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး ဖမ်းဆီးရရှိသော စစ် ကောင်စီတပ်မိသားစုဝင် ၁၉၁ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင်ထုတ်ပြန်သည်။

 

တအာင်းပြည် ၊ တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက် အောက်ခံ ခြေမြန်တပ်ရင်း ၅၀၃ နှင့် ၅၀၄ စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ကောင်စီ တပ်မိ သာစုးဝင် ၁၉၁ ဦးကိုဖမ်းဆီးရရှိခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံးကျန်ရှိသည့် သီပေါမြို့ရှိ ခြေလျင်တပ်ရင်း-ခလရ ၂၃ တပ်စခန်းအား တအာင်းတပ်မတော် PSLF/TNLA မှ  အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင် သီပေါမြို့ရှိ စစ်ကောင်စီ၏ ၅၀၃ တပ်စခန်းအား တအာင်းတပ်မ တော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး ထိုတပ်အတွင်းရှိ  အိမ်ထောင်စု (၃၈) စုရှိ ကျား (၁၁) ဦး၊ မ (၄၈) ဦး၊ ကလေး (၄၃) စုစုပေါင်း တပ်မိသားစုဝင် (၁၀၂) ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

 

ထိုအပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် (၅၀၄)တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ ယင်းတပ် အတွင်း ရှိ  အိမ်ထောင်စု (၃၄) စုရှိ ကျား (၁၆) ဦး၊ မ (၃၉) ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသား စုဝင် (၈၉) ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်မိသားစုဝင်များကို လူသားချင်းစာနာထောက် ထားသောအားဖြင့် ကား (၄) စီးဖြင့် ပို့ဆောင်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး PSLF/TNLA မှ ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *