Shan State News

0 0
Read Time:3 Minute, 17 Second

လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည် သူ ၃ ဦးသေဆုံးပြီး ကလးငယ်တစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ၊ လူနေအိမ် ၅ လုံးနှင့်ဘာသာရေး အဆောက်အအုံများ ပျက်စီး

 

D Day News

အောက်တိုဘာလ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးရှိအီနိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

 

ယနေ့အောက်တိုဘာလ ၁၄ ရက် နံနက် အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ရေး ပစ်မှတ် နှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးအပါအဝင် စုစုပေါင်း ဗုံးသီး ၇ လုံးကြဲချတိုက်ခိုက်ခဲ့ ရာပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကြီး ၁ ဦး၊ အသက်လေးနှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လူနေအိမ် ၅ လုံး ကျော်ပျက်စီးခဲ့သည့်အပြင် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ် ကျောင်း၊ ဘုရားကျောင်းဝန်းအတွင်းရှိ ခန်းမတစ်ခု၊ လက်ရှိဖွင့်နေဆဲဖြစ် သည့် မူကြိုကျောင်းတစ် ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ပေါက်ကွဲအားပြင်းထန်မှုကြောင့် ဒေသနေပြည်သူများလည်း ကြောက်လန့် တုန်လှုပ်ခဲ့ကြရပြီး တိမ်းရှောင်နေရသူများလည်းရှိကြောင်း သိရသည်။

 

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်သည် အပြစ်မဲ့ပြည်သူများကိုသာ ထိခိုက်ဆုံးရှုံးစေခဲ့ပြီး ယနေ့ အချိန်အထိ လားရှိုးမြို့နှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ် တိတိ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများသည် စစ်ရေးနှင့် လုံးဝသက် ဆိုင်ခြင်းမရှိသလို စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေအိမ်၊ စာသင်ကျောင်း၊ ဈေးနှင့် ဘာသာရေး အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု များစွာ ရှိခဲ့သည့် အပြင် ပြည်သူလူထုများကို ထိတ်လန့် ကြောက်ရွံ့စေခဲ့ကြောင်း MNDAA က ပြော ဆိုထားသည်။

 

ယခုကဲ့သို့ တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကိုသာထိခိုက်စေပြီး အကျိုးမရှိသည့် လုပ်ရပ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောာင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရန် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *