Poem

0 0
Read Time:46 Second

ကဗျာကဏ္ဍ “လှိုင်း”

 

ပျိုးကြဲလက်

 

အဏ္ဏဝါ ရေပြင်ကြောဆီက

မမောတမ်း ပြေးလို့လာ ။

 

ဟန်ပါပါ မာန်ဟုန်ခင်းလို့

ပြင်းထန်လှတာ ။

 

အကြိမ်ကြိမ် တိုးလို့သာ

တိုက်စားရာ မလျော့ဇွဲ ။

 

ကြောက်အားပြိုင်

ကျောက်သားစိုင် ခံနိုင်ရိုးရယ်က

လှိုင်းတံပိုးပဲ ။

 

ကံဇာတ်ဆရာ အလိုကျ

ကြုံခဲ့ရ ဘဝစုံ ။

 

ဦးတည်ရာ နောက်မတွန့်

ကြောက်ရွံ့မဲ့တုံ ။

 

လှိုင်းတံပိုး ပမာပုံ

ဇွဲအဖုံဖုံ မာန်ခဲ ။

 

လဲကျရင် အကြိမ်ကြိမ်ထကွယ်

လှိုင်းပမာကဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ညနေ ၃ နာရီ ၄၈ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *