Mon State News

0 0
Read Time:1 Minute, 36 Second

သိမ်ဇရပ်တွင် လမ်းမသိသဖြင့် PDF ဂိတ်ကို ဝင်မေးသည့် စစ်ဗိုလ်လင်မယား လက်နက်ခဲယမ်းများ နှင့် အတူ ဖမ်းဆီးခံရ

 

D Day News

အောက်တိုဘာလ ၁၄

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့တွင် လမ်းမှားမသိသဖြင့် PDF ဂိတ်ကို ဝင်ရောက်မေး မြန်းမိသည့် စစ်ဗိုလ်လင်မယားနှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း တော် လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

 

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျုက်ထိုမြို့နယ်အခြေစိုက် အမတ ၃၁၀ အမြောက်တပ် မှ ဗိုလ်ဟိန်းဇေယျာဦးနှင့် ၎င်း၏ အမျိုးသမီး တို့သည် မျက်စိလည်လမ်းမှားပြီး ကားရပ်နားကာ ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ဂိတ်ကို ဝင်ရောက်မေးမြန်းရာက ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးရာတွင် ၎င်းတို့ပိုင်‌ မော်တော်ယာဉ်၊ သေနတ် ၁ လက်၊ ယူနီဖောင်း တစုံနှင့် အရာရှိ စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ KNU တပ်ဖွဲ့တာဝန်ရှိသူ များထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ဗိုလ်တဦး ဖမ်းဆီးခံရပြီးနောက် အမတ – ၃၁၀ အမြှောက်တပ်က လက်နက်ကြီးဖြင့်သိမ်ဇရပ် မြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *