Mandalay News

0 0
Read Time:2 Minute, 41 Second

မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာစစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး၊ သံဃာတော် ၃ ပါး အပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ တောင်ဘက်ရှိ စစ် ဘေး ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး၊ သံဃာတော် ၃ ပါး အပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ တောင်ဘက်ရှိ စစ် ဘေးရှောင် ၃၀၀ ခန့်နေထိုင်သည့် ဘုန်းကြီးကျောင်းကို တံတားဦးဘက်မှလာသည့် အကြမ်းဖက် စစ် အုပ်စု၏ (K – 8W)အမျိုးအစား ဟုယူဆရသောလေယာဉ်(၁)စီး ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချ၍ လည်းကောင်း၊ ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချ၍ လည်းကောင်း နာရီဝက်ခန့် ကြာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦး၊ အမျိုးသမီး (၂) ဦး၊ သံဃာတော်(၃)ပါး၊ အမျိုးသား (၆) ဦး စုစုပေါင်း (၁၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၃၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် စစ်‌ ရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်း ဆောင်(၁)ဆောင်နှင့် ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အရပ်သားပြည်သူစစ်ဘေးရှောင်များနှင့် ဘာသာရေးအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်သည်မှာ အထူးထင်ရှားပါကြောင်း၊ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင် ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *