International News

0 0
Read Time:3 Minute, 10 Second

အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးအား စစ်ကောင်စီကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခြင်း သည် အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုပေးရုံသာမက အကြမ်းဖက်လုပ်ရပ်အပေါ် ဂုဏ်ပြုထောက် ခံပေးခြင်းပင်ဖြစ်သည်ဟု Justice For Myanmar ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁၄

 

အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးအား အကြမ်းဖက် စစ်ကောင်စီကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခြင်းသည် အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုပေးရုံသာမက အကြမ်းဖက် လုပ်ရပ်အပေါ် ဂုဏ်ပြုထောက်ခံပေးခြင်းပင်ဖြစ်ကြောင်း Justice For Myanmar ထုတ်ပြန် လိုက်သည်။

 

ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်၍ အာဆီယံရေတပ်ဦးစီးချုပ်များ အစည်း အဝေးကျင်းပရန် အာဆီယံအသင်းကြီးက ခွင့်ပြုပေးခဲ့ရာ ယင်းရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှ တဆင့် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်နေသော နိုင်ငံတကာရာဇ၀တ်မှုများတွင် အာဆီယံသည် ပိုမိုရှုပ်ထွေးနက်နဲစွာ ပါဝင်လာခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကို တရားမဝင်အကြမ်းဖက်စစ်ကောင်စီအား အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ပေးခြင်းဖြင့် အာဆီယံသည် စစ်ကောင်စီအပေါ် တရားဝင်မှု ပေးအပ်ရုံသာ မက အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးခွဲဖျက်ဆီး၊ အစုလိုက်အပြုံလိုက် အိုးအိမ်မဲ့ဖြစ်စေခဲ့သည့် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အပေါ် ဂုဏ်ပြု ထောက်ခံပေးခြင်းပင် ဖြစ်ကြောင်း Justice For Myanmar – JFM က ထောက်ပြ ပြောဆိုသည်။

 

ယခုကဲသို့ အမှားအယွင်းများအား အာဆီယံသည် ဆက်တိုက် ဆက်ကျူးလွန်နေသော်လည်း နိုင်ငံ တကာ အသိုက်အဝန်းအနေဖြင့် အာဆီယံ၏ နောက်တွင် ပုန်းကွယ်နေကြဲဆဲပင်ဖြစ်ကြောင်း JFM က ဆက်လက်ပြောဆိုထားသည်။

 

အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်းအား ပိုမိုဆိုးရွားလာစေနိုင်မှုတို့ကို ရပ်တန့်ရန်နှင့် စစ် ကောင်စီ၏ ရန်ပုံငွေ၊ စစ်လက်နက် ပစ္စည်းများနှင့် လေယာဥ်ဆီများ လက်လှမ်းမီနေမှုအားလုံးကို တားဆီးရန် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများအား ပံ့ပိုးကူညီရန် အချိန် ဖြစ်သည်ဟု ဆို သည်။

 

အာဆီယံအနေဖြင့် နိုင်ငံတကာဥပဒေများအောက်တွင် စစ်အုပ်စုကို တာဝန်ခံစေပြီး မြန်မာနိုင်ငံသစ် တည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရမည် ဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *