Bago News

0 0
Read Time:2 Minute, 54 Second

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာ၌ နာရေးအခမ်း အနားပြုလုပ်နေစဉ် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု သားအမိ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦးအပြင်း အထန်ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၁၄

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ သဖန်းဇင်ကျေးရွာ၌ နာရေး အခမ်းအနားပြုလုပ်နေစဉ် အကြမ်း ဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သားအမိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ဆွာမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ စစ်တောင်း မြစ် အနောက်ဘက်ကမ်းရှိ သဖန်းဆိပ်ကျေးရွာ၌ နာရေးအခမ်းအနားပြုလုပ်နေစဉ် ရေထီးတံတား၌ တပ် စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ သဖန်းဇင်ကျေးရွာနေ မသဲနှင့်၎င်း၏ ကလေးတစ်ဦး၊ အမျိုးသား ၁ ဦး တို့သေဆုံးခဲ့ပြီး ၈ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သဖန်းဇင်ရွာမှာက နာရေးတစ်ခုရှိတယ်။ အဲဒီနာရေး အခမ်း နားမှာ လူတွေစုနေတဲ့ အချိန် ဗုံးကျဲချ တာ။ ဘာ တိုက်ပွဲမှမရှိဘူး။ အမျိုးသားတစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ဆုံးသွားတဲ့သူက ကိုချစ်ဦး။ မခင်မာရီ၊ မမိုးသူ၊ မသဲဦး တို့ကတော့ ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာရတဲ့အထဲက မသဲ နဲ့ သူ့ကလေးတစ်ဦး၊ သူ့မှာက ကလေးက ၃ ယောက်တော့ရှိတယ်။ ဘယ် တစ်ယောက်လည်း တော့ မသိဘူး။ အဲဒီထဲက ကလေးရယ်၊ မသဲရယ်၊ ကိုချစ်ဦးရယ် ၃ ယောက်ဆုံးသွားတာ။ ဒဏ်ရာရတဲ့သူက စုစုပေါင်း ၈ ဦးရှိတယ်။ သဖန်းဇင်ကိုကျဲပြီးနောက်မှာ ရွှေက ဇောင်းကျေးရွာကို ထပ်ပြီး ကျဲနေတာ။ ရွှေကဇောင်းကျေးရွာက မမာခိုင်ဆိုတဲ့အမျိုးသမီး တစ်ယောက်တော့ ဒဏ်ရာအပြင်းအထန်ရလို့ ဆေးရုံ တင်လိုက်ရပြီ။ ကျဲတဲ့နေရာက ရေထီးတံ တားကနေ ကျဲနေ တာ၊ မနက်က ဒရုန်းတွေဆင် တယ်လို့ သတင်းရထားတယ်။ ခင်တန်းကျေးရွာမှာ ဘုန်း ကြီး ကျောင်း မှာလည်း စကစတွေ စခန်းချ ထားတာရှိတယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ သဖန်းဇင်ကျေးရွာသည် အိမ်ခြေ ၁၂၅ လုံး ခန့်ရှိပြီး ၂ ကြိမ်မီးရှို့ခံထားရသည့် ကျေးရွာ တစ် ရွာဖြစ်ကြောင်း၊ အလားတူ ရွှေကဇောင်းကျေးရွာကိုလည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်လိုက်ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *