Shan State News

0 0
Read Time:2 Minute, 24 Second

သိန္နီမြို့နယ်၊ နမ့်ပေါင်ရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရရှိကာ စာသင် ကျောင်းပျက်စီး

 

D Day News

အောက်တိုဘာလ ၁၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်ပေါင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် သိန္နီမြို့နယ်၊ သံလွင်နယ်၊ နမ့်ပေါင်ရွာ ကို မင်းအောင်လှိုင်၏ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ညာဘက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြန်စာသင်ကျောင်းတစ်ခုပျက်စီးခဲ့ကာ အနီးအနားရှိ ပြည်သူပိုင် နွားနှစ်ကောင်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ကလည်း စစ်နယ်မြေမဟုတ်သော သိန္နီမြို့ အပြင်ဘက် ၃ ကီလိုမီတာခန့်အကွာ သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက် ကျေးရွာ ကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင်ချိန်များသောဗုံး ၂ လုံး ကြဲချ ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လမှ စတင်၍ လားရှိုးစစ်မြေပြင်၌ ရှုံးနိမ့်သွားသော အကြမ်းဖက်စစ်ကောင်စီတပ်က အထူး ဒေသ ၁ ၏ မြို့တော် လောက်ကိုင်မြို့နှင့် သိန္နီခရိုင်ကဲ့သို့ အခြားစစ်ရေးနယ်မြေမဟုတ်သော ဒေသ များကို အဆက်မပြတ် ဗုံးကြဲမှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သိန္နီမြို့နယ်အတွင်း ဗုံးကြဲမှု ၁၃ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၆ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *