Mandalay News

0 0
Read Time:2 Minute, 23 Second

မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၃

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူထားသော တပ် စခန်းကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

မတ္တရာမြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားသော တပ် စခန်းများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် မန္တလေး PDF တို့ကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း အသိပေးထားသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုများ သာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာသည့်အပြင် တိုက်ပွဲ နှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူများကို ပစ်ခတ်ထား၍ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDF က ပြောဆိုထား သည်။

 

မြေပြင်မှ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး)မှ ခုခံ ကာကွယ်နိုင်ပြီး သိမ်းယူထားသော တပ်စခန်းများကို အပြည့်အဝထိန်းချုပ် ထားဆဲ ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

 

အဆိုပါ တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများဖြင့် ထုတ်ပြန်ခဲ့ရာ အကြမ်းဖက်စစ်သားအလောင်း ၈ လောင်း တွေ့ရှိရပြီး ၆၀ မမ စိန်ပြောင်းများ၊ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် RPG ဗုံး သီးများ၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *