Magway News

0 0
Read Time:1 Minute, 58 Second

မြိုင်မြို့နယ်၊ ကန်နီရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကင်းတဲတစ်လုံးပျက်စီး၊ ယင်းပျူစောထီးစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်

 

D Day News

အောက်တိုဘာလ ၁၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကင်းတဲ တစ်လုံး ပျက်စီးခဲ့ပြီး ယင်းပျူစောထီးစခန်းတွင် တာဝန်ကျနေသော ရဲတပ်သား ၁ ဦး လက်နက် နှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း Burmese Peacock Defense Force- BPDF ထံမှသိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် န့နက် ၁၀ နာရီခန့်က မြိုင်မြို့နယ်၊ ကန်နီရွာ ပျူစောထီးစခန်း ကို RC Plane များဖြင့် ဗုံးသီး ၁၁ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးကျေးရွာအတွင်းရှိ ကင်းတဲ တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ယင်းပျူစောထီးစခန်း၌ တာဝန်ကျနေသော ရဲတပ်သားတစ်ဦး လည်းMA3 အမျိုးအစား သေနတ် ၁ လက်ဖြင့် အလင်းဝင်ရောက်လာမှုရှိခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာ ဆော်ခဲ့ကြတာ။ အဖွဲ့အကုန်စုစုပေါင်း ၁၁ လုံးလောက်ရှိ မယ်။ ကျနော်တို့အဖွဲ့ကတော့ မနေ့က စောပြီး ပြန်လာခဲ့ရတယ်၊ ကားပျက်သွားတဲ့အခြေအနေ ကြောင့်၊ အလင်းဝင်ခဲ့တဲ့ရဲကိုတော့ ပကဖအဖွဲ့ကပဲ တာဝန်ယူဆောင်ရွက်ထားပါတယ်” ဟု Burmese Peacock Defense Force- BPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ပေါင်းစု၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း နှင့် ဗမာ့ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Burmese Peacock Defense Force- BPDF တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *