TNLA News

0 0
Read Time:3 Minute, 6 Second

သီပေါမြို့ အကျဉ်းထောင်နှင့် နောင်ချိုမြိုတိုတွင် စစ်ကောင်စစ်တပ်က ဖြတ်အားပြင်း ပေါင် (၅၀၀) ဗုံး ကြဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး သီပေါ်အကျဉ်းထောင်နှင့် လူနေအိမ် ၇ လုံးပျက်စီး

 

D Day News

အောက်တိုဘာလ ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အကျဉ်းထောင်နှင့် နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး လူနေအိမ် ၇ လုံးပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

အောက်တိုဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် သီပေါမြို့၊ ဇာတ်စုရပ်ကွက်နှင့် သီပေါ အကျဉ်းထောင်ကို ဦးတည်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်သည့် ပေါင် (၅၀၀) ဗုံး (၃) လုံး ကြဲချခဲ့ရာ အကျဉ်းထောင် အဆောက်အအုံ နှင့် လူနေအိမ် ၇ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့အောက်တိုဘာလ ၁၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ ၇ နာရီ မိနစ် ၃၀ အချိန် အထိ တိုက်ပွဲဖြစ် ပွား လျက်ရှိသော ခလရ-၂၃ တပ်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး (၄၀) နီးပါးနှင့် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်မှ ၂ နာရီ မိနစ် ၃၀ အချိန်အထိ ဗုံးအလုံး (၄၀) ကျော် ကြဲချခဲ့ကြောင်း၊ ထို့အတူ နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က လည်း လက်နက်ကြီး (၁၀) လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ နောင်ချိုမြို့နယ် အင်းဖိုကျေးရွာတွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံး (၄)လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့သည့်အပြင် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်တွင်လည်း ဘန့် ဘွေး ရှိ စစ်ကောင်စီတပ်စခန်းမှ  လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသနေ ပြည်သူ ၁ ဦးသေဆုံးပြီး လူထုနေအိမ်အများ အပြား ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ် မှတ်မဟုတ်သည့်နေရာများတွင် နေ့စဥ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *