ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ အင်းလယ် ကြီးရွာအတွင်းသို့ အင်အား ၇၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ငါတို့ရွာပျူအထိုင်စခန်းမှ စစ် ကောင် စီတပ်သား၊ ပျူများက နံနက် ၁ နာရီ၃၀ မိနစ် ၊ ၂ နာရီ ၁၃ မိနစ်နှင့် ၂ နာရီ ၁၄ မိနစ်တို့တွင် Drone ဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ်၊ မသိမ့်သိမ့်ဖြူ ၊ အသက် ၁၀ နှစ် အရွယ် မငြိမ်းအိစံနှင့် အသက် မဖြူဝင်း တို့ ထိခိုက်သေဆုံးကာ ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ့ နေအိမ်အချို့ပျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများသည် ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ တပ် ရင်းမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန်တွင် ဒရုန်း ၂ စီးနှင့်အတူ ငါတို့ရွာ ပျူစခန်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၂ ရက် နံနက် ၂ နာရီခန့်တွင်လည်း ယင်းအကြမ်းဖက်စစ်သား၊ ပျူများ က ရွာမရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက် ပျက်စီးမှုရှိ၊ မရှိ အတည်ပြုနိုင်ခြင်းမရှိ သေးပေ။
ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်လာသော စစ်ကြောင်းများသည် ယခင်ကဲ့သို့ စစ်ကြောင်းထိုးခြင်း များမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊နွား၊ဝက်၊ကြက်များအား ခိုးယူ ရှာဖွေစားသောက်ကာ ပျူအထိုင်စခန်းများမှ Drone ဖြင့် လှည့်ပတ်ပြီး ပြည်သူများနေထိုင်သည့် ကျေးရွာများအား အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိရာ စက်တင် ဘာလအတွင်းက အပြစ်မဲ့ပြည်သူ ၆ ဦးအထိ ဗုံးသီးထိမှန်သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့ထံမှ သိရသည်။
D Day News