Sagaing News

0 0
Read Time:1 Minute, 51 Second

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ကားတစီး စီးပျက်စီး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၁

 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း BRAVE HEART ARMY-BHA ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၀ ရက် နေ့တွင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ထွက်ခွာလာသော သံပြားကာ ကား ၄ စီး အနက် ရှေ့ဆုံးကား ၂ စီးကို မုံရွာ – ချောင်းဦးလမ်းပိုင်း တနေရာ၌ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ကင်းပုန်းများနှင့် ကားပေါ်ပါ စစ်သားများက ပြန် လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပျက်စီးသွားသော သံပြားကာ ကားတစ်စီးကို တိုက်ပွဲဖြစ်ပွားရာအနီး ထိုးရပ်ပျက်စီးခဲ့ပြီး မုံရွာ မြို့မှ စစ်ကူလာသော သံပြားကာ ကား ၂ စီးဖြင့် ဆဲယူသွားကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG နှင့် လက်တွဲညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *