Rakhine State News

0 0
Read Time:2 Minute, 37 Second

ဘူးသီးတောင်မြို့မှ ဝါးခုတ်သွားရင်း ပျောက်သွားသူ ပြည်သူ ၂ ဦးကို မူဆလင်အကြမ်းဖက်လက် နက်ကိုင်တပ်ဖွဲ့ဝင်များက ခေါင်းဖြတ်သတ်ကာ မြေမြှုပ်ထားခဲ့ဟု AA ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၁၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဝါးခုတ်ရန်သွားရင်း ပျောက်ဆုံးနေ သည့် အရပ်သား ပြည်သူ (၂) ဦးအား ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ခေါင်းဖြတ်သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့သော ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း အာရက္ခ တပ်တော် -AA က ထုတ်ပြန်ထားသည်။

 

အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်တွင် အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီး တောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြသောဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသော အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နှင့် အသက် ၆၅ နှစ် အ ရွယ် ဦးမောင်မြတို့ နှစ်ဦး၏ ရုပ်အလောင်းများ ယမန်နေ့အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနား (မူဆလင်) ရွာရှိ “ဖာရုပ်” ၏ နေအိမ်ခြံဝင်းအတွင်း ၌ ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းနှစ်လောင်းအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS ၏ အာရက္ခ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် မှုခင်းဆိုင်ရာ ဆေးဘက် ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ်သော စစ်ဆေးမှုများ ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုနောက် အသက်ဆုံးပါးသွားခဲ့ရသော ပြည်သူနှစ်ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

 

အာရက္ခတပ်တော် – AA အနေဖြင့် အပြစ်မဲ့ရွာသားနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် ARSA မူဆလင် အ ကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *