Mandalay News

0 0
Read Time:2 Minute, 4 Second

နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၊ ရဲများ အကြောက်လွန်ပြီး လေကြောင်းဖြင့် ပစ်ကူခေါ်ကာ တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲများ အ ကြောက်လွန်ပြီး လေကြောင်းပစ်ကူခေါ်ကာ ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော နွားထိုးကြီးမြို့နယ်၊ ကန်နားရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်က ကြာမြင့်ခဲ့ပြီး စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား၊ ရဲများသည်အကြောက်လွန်ပြီး လေကြောင်း ပစ်ကူခေါ်ခဲ့ရာ လေကြောင်းပစ်ကူခေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် Mi 35 ၊ ဂျက်ဖိုက်တာများဖြင့် ပစ် ကူပေးတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နှင့် အမှတ် ၁၀ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲများ အချိန်မရွေးဆက်လက်ဖြစ် ပေါ်လာနိုင်သဖြင့် ပြင်စီ-တံတားဦး လမ်းပိုင်း အား အသုံးပြုခြင်း မပြုလုပ်ကြပါရန် Natogyi People Defence Force က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *