Mandalay News

0 0
Read Time:1 Minute, 37 Second

မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ရဟန်းသံဃာ များနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၁

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်းသံဃာများနှင့်ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

ယနေ့ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် မတ္တရာမြို့နယ် ၊ ဝေါစုကျေး ရွာရှိ စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေ ကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ ပြည် သူ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိခဲ့ကောင်း သိရသည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော အကြမ်းဖက် စစ်ကောင် စီ၏ လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *