Magway News

0 0
Read Time:3 Minute, 28 Second

မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသော စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရဟုဆို

 

D Day News

အောက်တိုဘာလ ၁၁

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မင်းတုန်းမြို့ပြည်နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနှစ်တွင် မင်းတုန်းမြို့နယ်အတွင်းရှိ ကျောက် ဖျားလည်ကျေးရွာအတွင်း ၀င်ရောက်ကာ ပြည်သူလူထု၏ နေအိမ်များအား မွှေနှောက်ဖျက်ဆီးပြီး ရွှေ၊ငွေများအား ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ချဉ်းကပ်၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီ တပ်ဖွဲ့၀င် ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မင်းတုန်းပကဖနှင့် မဟာမိတ် များမှရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းလှမြို့နယ် အတွင်းရှိ ကပစ ၁၀ (ကုန်းကြီး)၊ ကပစ ၂ (မလွန်) နှင့် သရက်မြို့နယ်အတွင်းရှိ ကပစ ၁၂ (သရက်) တို့မှ အင်းအား ၁၀၀ ၀န်းကျင်ဖြင့် စုပေါင်း စပ်ပေါင်း ဖွဲ့စည်းထားကာ ပြည်သူလူထုအား လိုက်လံ ဒုက္ခပေးနေခြင်းဖြစ်ကြောင်း သိရ သည်။

 

မင်းတုန်းမြို့နယ် အတွင်းရှိ ကျောက်ဖျာလည်၊ တိုင်တား ၊ သမင်ကတုတ်၊ ခုန်တိုင်ကျင်း ၊ မြုံး၀ ကျေး ရွာများသို့ ၀င်ရောက်စဉ်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များ  ရမ်းသမ်း ပစ်ခတ်သောင်း ကျန်းကာ ဝင်ရောက်ခဲ့ပြီး ပြည်သူလူထု၏ ရွှေ ၊ ငွေ ၊ ကြက် ၊ ဝက်၊ စားသောက်ကုန်များနှင့် အ၀တ် အစား များပါမကျန် ခိုးယူသွားကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာများမှ ခိုးယူခံရသော ဆုံးရှုံးတန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၇၀၀ ၀န်းကျင် ရှိပြီး

အောက်တိုဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ အ ကြမ်းဖက်စစ်ကောင်စီ စခန်းသို့ ဆုတ်ခွားသွားကာ ၎င်းစခန်းမှတဆင့် ၎င်းတို့ မိခင်တပ်ရင်းများသို့ ပြန်လည်ဆုပ်ခွာသွားကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ မင်းတုန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီစစ် ကြောင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်အချိန်များတွင် ရွှေငွေနှင့် အရေးကြီးစာရွက်စာ တမ်းများအား အဓိကထား၍ ကိုယ်နှင့်မကွာ ယူဆောင်သွားကြပါရန်နှင့် ဆေးဝါး၊ရိက္ခာ၊ သတင်းဆိုင် ရာ လိုအပ်ချက်များရှိပါက ဆက်သွယ်ပေးကြပါရန် မင်းတုန်းပကဖ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *