Yangon News

0 0
Read Time:2 Minute, 52 Second

မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု K8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီး

 

D Day News

အောက်တိုဘာလ ၉

 

ရန်ကုန်မြို့၊ မှော်ဘီမြို့ရှိ မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ K8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီးခဲ့ကြောင်း Civillin Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းထံမှ သိရသည်။

 

ယနေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီ အချိန်တွင် ရန်ကုန်မြို့၊ မှော်ဘီမြို့အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်အတွင်းသို့ Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ K8W အမောင်းသင်လေယာဉ်ဂိုဒေါင်နှင့် ခြံစည်းရိုးကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

“K8W အမောင်းသင်‌လေယာဉ်ဂိုဒေါင် ထိတယ်လို့ သိရတယ်၊ တစ်လုံးက ခြံစည်းရိုး ထိတယ်။ ပျက်စီး မှုရှိတယ်လို့ သိရပါတယ်၊ ဘယ်လောက်ပျက်စီးလည်းတော့ မသိရသေးဘူး။ လေတပ်ထဲ စလိုက်မီး တွေ ထိုးပြီး ရှာနေကြတယ်၊ ကျတဲ့နေရာ အပျက်အစီးတွေကို စလိုက်မီးနဲ့ထိုးပြီး ကြည့်နေကြတာ။ ပေါက်ကွဲသံကြားတာနဲ့ ကွင်းထဲကရော၊ ဂိတ်တွေကရော အကုန်းပြေးထွက်လာကြတယ်။ ပြီးတော့ ၆၀ မမနဲ့ ပြန်ပစ်တယ်။ တစ်ချက်တော့ ကြားရတယ်” ဟု Civillin Military – SRDF အထူးစစ်ဆင် ရေး စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) နှင့် Civillin Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းတို့က အထူးစစ်ဆင်ရေးဌာန (မြို့ပြပျောက်ကျားနှင့် မြို့ပြစစ် ဆင်ရေး) Special Operation Department (Urban Guerrilla & Urban Operation) ၏ ခွင့်ပြု ချက်ဖြင့် မစ်ရှင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုသည် NLD ပါတီ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်တကွ မတ ရားအကျဉ်း ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ရဲဘော်များအတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်း ဖြစ်ပြီး Civillin Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်း ရဲဘော်များအနေဖြင့် စစ်အာဏာရှင် စနစ်အပြီးတိုင်ဖျက်သိမ်းရေး ပြည်သူလူနှင့်ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *