TNLA News

0 0
Read Time:2 Minute, 13 Second

သီပေါမြို့နယ်ကို စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၆၀ ကျော်ကျဲမှုကြောင့် သီလ ရှင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး

 

D Day News

အောက်တိုဘာလ ၉

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ များကို စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် ကျဲချခဲ့ရာ သီလရှင် ၁ ပါး ပျံလွန် တော်မူခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သီပေါ်မြို့၊ ရွှေကျောင်းရပ်ကွက်နှင့် ပန်း တိမ်တောာင်ရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချခဲ့ရာ ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက် ရှိ ဦးအိုက်တူး၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၈ ရက် ည ၁၀ နာရီကျော်အချိန်တွင် သီပေါမြို့ တောင်မြို့ရပ် ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင် စီတပ်က Y -12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ကျော် ကျဲချခဲ့ရာ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ကာ  ဦးမြင့်လွင်တို့ လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *