Tanintharyi News

0 0
Read Time:1 Minute, 44 Second

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီသန်းခေါင်စာရင်းကောက်ယူမှုအပေါ် အားပေးကူညီသူ များ အား အရေးယူမည်ဟု သရက်ချောင်းပကဖ ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၉

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ရွေး ကောက်ပွဲပြုလုပ်သည့်အပေါ် ပူးပေါင်းပါဝင်သူများအား ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က အသိပေးထုတ်ပြန်ထားသည်။

 

အောက်တိုဘာလ ၁ ရက်နေ့မှ၍ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ပြည် သူ့တော်လှန်ရေးတိုက်ပွဲများ၏ ဒဏ်ကို အလူးအလဲခံနေရပြီဖြစ်သဖြင့် စစ်ရေး အပါအဝင် အဘက် ဘက်မှ အရေးနိမ့်လာသော အခြေအနေများမှ နိုင်ငံရေးထွက်ပေါက်ရရှိနိုင်ရန် ” အတုယောင်ရွေး ကောက်ပွဲ တစ်ခု ” ဖန်တီးလုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလာသည်ကို တွေ့ရှိရသည်ဟု ဆို သည်။

 

သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အနေဖြင့် စစ်ကောင်စီကပြုလုပ်မည့် မည်သို့ သောရွေးကောက်ပွဲများကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ပြီး စစ်ကောင်စီစေခိုင်းသည့်အတိုင်း သန်း ခေါင် စာရင်းကောက်ယူမှုဖြစ်စဥ်တွင် ပူးပေါင်းပါဝင်သူမည်သူမဆို ရန်သူအဖြစ် သတ်မှတ်ကာ ပြင်း ထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *