Sagaing News

0 0
Read Time:1 Minute, 40 Second

ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၉

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ကုက္ကိုလ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ ထံက သိရသည်။

 

ယမန်နေ့အောက်တိုဘာလ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တံ တား ဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးသည် ကန့်ဘလူမြို့နယ်ကို ဖြတ်ပြီး ကော လင်းမြို့နယ် အရှေ့ခြမ်းရှိ ကုက္ကိုလ်ကုန်းကျေးရွာကို ဗုံးသီး ၃ လုံး ကြဲချသွားကြောင်း၊ ထို့အပြင် လေယာဉ်ပေါ်မှ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ပြီး လာရာလမ်းအတိုင်း ပျံသန်းကာ ဆင်းသွားကြောင်း သိရသည်။

 

“တိုက်ပွဲလည်းမရှိဘူး။ စက်လက်နဲ့ကုတ်သွားတယ်၊ ဗုံးသီးတစ်လုံးချသွားတယ်၊ ကုက္ကိုလ်ကုန်း၊ ညောင်ကုန်းတဝိုက်ပေါ့၊ ကုက္ကိုလ်ကုန်းနဲ့ညောင်ကုန်းကရွာချင်းဆက်နေတာ၊ တောင်ဘက်မြောက် ဘက် တံတားလေးပဲခြားတာ၊ ပြည်သူ ၃ ဦးသေဆုံးတယ်။ ဗုံးသီး ၃ လုံးချသွားတာ။” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *