NUG News

0 0
Read Time:6 Minute, 11 Second

နိုင်ငံရေးအရွေ့များကို နည်းမှန်လမ်းမှန်ဖြစ်စေရန်နှင့် တော်လှန်ရေးအတွက် ထိရောက်မှုရှိစေရန် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်၊ ပြင်ဆင်ကြရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်း ဝင်းခိုင်သန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၉

 

အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် နိုင်ငံရေးအရွေ့တွေကိုလည်း နည်းမှန်လမ်းမှန်ဖြစ် စေရန် နှင့် တော်လှန်ရေးအတွက် ထိရောက်မှုရှိစေရန် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်သင့်တာ ပြုပြင်၊ ပြင်ဆင် သင့်တာ ပြင်ဆင်ကြရမည့် အချိန်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြော ကြားသည်။

 

ယနေ့အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၇/၂၀၂၄) တွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ၄ နှစ်တာနီးပါး အခက်အခဲမျိုးစုံကြုံတွေ့နေရ သည့် ပြည်သူများကို ပိုပိုပြီးအနေကြပ်စေရန် တဆင့်ပြီး တဆင့် စီမံလာမှုအဖြစ် အောက်တိုဘာလ ၁ ရက်နေ့ကစ၍ သန်းခေါင် စာရင်းကောက်ယူမှု လုပ်ငန်းစဥ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ကောက်ယူနေတဲ့ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကို ကြည့်မယ် ဆိုရင် စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ်ခံနေရသည့် တိုင်းပြည်၌ မည်သဘာကြောင့် ဒီလိုအချိန် အခါ မျိုးမှာ သန်းခေါင်စာရင်းကောက်နေသလဲဆိုတာ စဥ်းစားကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ် ပါတယ်။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေကြတဲ့ ဒီနွေဦးတော်လှန်ရေးကို နှိမ်နင်းချင်လို့ သန်းခေါင်းစာရင်းကောက်ယူခြင်းကို လက်နက်သဖွယ် အသုံးချလာတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို လိုတာထက် ပိုမိုကောက်ယူပြီး၊ ကောက်ယူတဲ့နေရာမှာလည်း စစ် သား၊ ရဲ၊ ပျူစောထီးတွေပါ ပါဝင်အင်အားသုံးပြီး ကောက်ယူတာမို့ ဒါဟာ သူတို့ကိုဆန့်ကျင်နေတဲ့ ပြည်သူတွေကို ခြောက်လှန့်ဖို့နဲ့ စိတ်တိုင်းကျ ဖိနှိပ်ချုပ်ချယ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို သွားနေတာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ထို့ကြောင့် တော်လှန်ရေးအင်အားစုများ မစိုးမိုး မထိန်းချုပ်နိုင်သေးသည့် နေရာဒေသများရှိ ပြည် သူများ အနေဖြင့် ပါးပါးနပ်နပ် ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများ ထိန်း ချုပ်ထားသည့် ဒေသများတွင် သန်းခေါင်စာရင်း လုံးဝကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

 

“ဒါကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့တွေအားလုံး ဒီနှစ်အတွင်းမှာ တတ်နိုင်သလောက် စိုးမိုးထိန်း ချုပ်ဒေသ တွေ ပိုမိုတိုးပွားအောင် လုပ်ဆောင်ဖို့ကတော့ အင်မတန် အရေးတကြီး လုပ်ဆောင်ကြရ မယ့် အလုပ်လဲ ဖြစ်ပါတယ်။ အခုအချိန်ကာလဟာ တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကိုရောက် နေပြီဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ စစ်အုပ်စုကလည်း သူလုပ်နိုင်သမျှ အစွမ်းကုန် တစ်ခု ချင်း အဆက်မပြတ် လုပ်ဆောင်နေပြီဖြစ်သလို ကျွန်တော်တို့ အစိုးရအပါအဝင် တော်လှန်ရေး အင် အားစုတွေ အားလုံးကလည်း လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မြန်သွက် သွက် လုပ်ဆောင်ကြရ မယ့် အချိန်ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

စစ်ရေးအရှိန်အားကောင်းမှုသည် နိုင်ငံတကာဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုအတွက်သည် ပိုမိုထိရောက်စေကြောင်း ထို့ကြောင့် စစ်ရေးကဏ္ဍကို အားစိုက်ခြင်းနှင့်အတူ နိုင်ငံရေး အရွေ့များကို နည်းမှန်လမ်းမှန်ဖြစ်စေရန် ဝိုင်းဝန်း ဆွေးနွေးပြီး ပြုပြင်သင့်သည်များကို ပြုပြင်ကာ ပြင်ဆင်ထားရကြရမည်ဖြစ်ကြောင်း အသိပေးထား သည်။

 

“စစ်ရေးအရှိန်အားကောင်းမှုဟာ နိုင်ငံတကာ ဆက်ဆံရေးဘက်က အရွေ့တွေ ပိုမိုအား ကောင်း‌ ရေးအတွက် အထောက်အပံ့ဖြစ်စေသလို မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေအတွက်လည်း ပိုမိုထိရောက်စေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေး ကဏ္ဍဘက်ကို အထူးအားစိုက်ကြရမှာ ဖြစ်သလို တစ်ပြိုင်နက် စဥ်းစားစီမံ နေကြရမယ့် ကိစ္စတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ် ရေးအစိုးရအနေနဲ့ ပြင်ဆင်ထား သင့်တဲ့ နိုင်ငံရေးအရွေ့တွေကိုလည်း နည်းမှန်လမ်းမှန်ဖြစ် အောင် တော်လှန်ရေးအတွက် ထိရောက် မှုရှိအောင် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်သင့်တာ ပြုပြင်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမယ့် အချိန် လည်း ဖြစ်ပါတယ်။ တော်လှန် ရေးကာလ တိုက်ပွဲဝင်အစိုးရဖြစ်တာကြောင့် ကဏ္ဍတစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိဖို့၊ ဝန်ကြီးဌာန တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ဖို့တွေက အလွန် အရေးကြီးကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *