Mandalay News

0 0
Read Time:5 Minute, 59 Second

မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာစခန်းနှင့်စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၈ ဦး သေ ဆုံး၊ ပြည်သူ ပိုင် ရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ် သား ၁၈ ဦးဆေုံးပြီးပြည်သူပိုင်ရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယ်များ သိမ်း ဆည်းရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

အောက်တိုဘာလ ၇ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်က မြင်းခြံမြို့နယ်၊ ကျောက်ကန် ပျူရွာ စခန်း ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နံနက် ၁၁ နာရီအချိန်အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦဂ ထက်မနည်းသေဆုံး အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ စခန်းစွန့်ခွာထွက်ပြေး သွားကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော G-3 ကျည် ၅၀ တောင့် ၊ ၅ ဒသမ ၅၆ ကျည် ၉၆ တောင့်၊ ၉ မမ ကျည် ၃၆ တောင့်၊ ကိုးလုံးကျည် အတောင်း၂၀ ခန့် သိမ်းဆည်း ရရှိခဲ့သည့် အပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သား များက ပြည်သူများထံမှ ခိုးယူထားသော ရွှေ ထည် ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် ကျောက် ကန်ရွာမှ အသက်အရွယ် ဦးအောင်သိန်း ၊ သားဖြစ်သူ အသက် ၄၀ အရွယ် ဦးဝင်းညွန့်၊ အသက် ၅၀ အရွယ် ဦးသောင်းဌေး ၊ အသက် ၅၀ အရွယ် ဦးမြင့်နိုင်နှင့် အသက် ၃၀ အရွယ် ဦးဖိုးဆိတ်တို့ လက် နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်ထွန်နေသည့် ပြည်သူ ၁ ဦး လည်း သေဆုံးခဲ့ကြောင်း၊ ကျောက်ကန်ရွာမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားများက လည်း သစ်ရုံရွာ ဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါး၏ မယ်တော်ကိုလည်း ပစ်သတ်သွားကြောင်း သိရသည်။

 

ထိုသို့ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံရမှုကြောင့် မြင်းခြံမြို့မှ စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကြို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

ကျောက်ကန်ပျူစောထီးကျေးရွာ တိုက်ပွဲသို့ ကျောက်ပြုတ်ကျေးရွာ မြောက်ဘက်အထွက် ဘုရား ကုန်းရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် မြင်းခြံမြို့မှ လည်း ကျောက်ကန်ပျူရွာကို စစ်ကူပေးရန် ကျောက်ပြုတ်ရွာဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်သား အင်အား အများအပြားရောက်ရှိလာပြီး ထမင်းဟင်းချက်စားနေစဉ် Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ထက်မ နည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ကား ၂ စီးဖြင့် မြင်းခြံမြို့သို့ သယ်ဆောင်သွား ကြောင်း သိရသည်။

 

“လက်နက်ကြီးပစ်ကူပေးနေတဲ့ ကျောက်ပြုတ်ရွာ ဘုန်းကြီးကျောင်းထဲ စစ်ကူစစ်ကြောင်းက ခဏ ဝင်နားပြီး ထမင်းချက်စားနေကြတာ၊ သူတို့ကလည်း စစ်ကြောင်းက ၃ ကြောင်းခွဲလာတာ၊ ကျန်တဲ့ စစ်ကြောင်းတွေကိုလည်း တိုက်တယ်၊ အဲဒီဘုန်းကြီးကျောင်းဝင်ပြီး ထမင်းချက်စားနေတဲ့ စစ် ကြောင်းကိုလည်း ဝင်တိုက်တာ၊ အဲဒီထမင်းချက်စားနေတဲ့အချိန် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဝင်ပစ်တဲ့အချိန်မှာ ထိခိုက်သေဆုံးမှုများသွားတာ၊ ကျနော်တို့ဘက်က ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါ ဘူး” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း -၉ နှင့်အတူ နောင်ရိုး တပ်ဖွဲ့ ၊ PLA ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ ​​ရွှေခြံသားပြောက်ကျား တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် (၁၊၂၊ ၃၊၄၊၇) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့အခုလုပ်နေတဲ့ End Point ကရော့ဂျက်က မြို့သိမ်းတိုက်ပွဲတိုက်ဆင်နွှဲဖို့ရည်ရွယ်ထားတ ပါ၊ အခုဆိုရင် ကမ်ပိန်းက ၂၀ ရာခိုင်နှုန်းကတောင်မတက်ဘူးသေးဘူးဖြစ်နေတယ်။ အခုက ထောက် ပံ့ငွေက မရဘူးဖြစ်နေတယ်၊ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတော့ ကမ်ပိန်းရတဲ့ငွေတစ်ချို့ တောင် အခုတိုက်ပွဲတွေထဲ  ကျည်ဖိုး၊ ခဲယမ်းဖိုး သုံးစွဲထားရတယ်။ သေချာတာတစ်ခုကတော့ ဒီကမ် ပိန်းက မြို့သိမ်းတိုက်ပွဲကို ရည်မှန်းထားတဲ့တိုက်ပွဲပါ၊ ဒီကမ်ပိန်းသာအောင်ခဲ့မယ်ဆိုရင် ကျနော်တို့ ရည်မှန်းထားတာတွေ အများကြီးအောင်မြင်ဖို့ရှိပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *