International News

0 0
Read Time:5 Minute, 48 Second

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုက မူးယစ်ဆေးဝါးနှင့်အွန်လိုင်းငွေလိမ်လည်မှုကဲ့သို့ ရာဇဝတ်မှု များ များပြားလာစေရန် လမ်းကြောင်းပေးနေဟု ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၉

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုက မူးယစ်ဆေးဝါးနှင့်အွန်လိုင်းငွေလိမ်လည်မှုကဲ့သို့ ရာဇဝတ်မှု များ များပြားလာစေရန် လမ်းကြောင်းပေးနေဟု ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

အောက်တိုဘာလ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာန ချုပ်ရုံး၌ ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ပြစ်မှုကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှ တမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာအတွက် အသုံးပြုခြင်းအား တိုက်ဖျက် ခြင်းနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး တို့နှင့်စပ်လျဉ်း၍ အထွေထွေဆွေး နွေးမှု အစီအစဉ် (General Discussion) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ရွေးကောက်ခံ အရပ်သားအစိုးရက မူးယစ်ဆေးဝါး ပပျောက်စေရေးနှင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုခင်းများ တိုက်ဖျက်ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် ကတိကဝတ် ပြုခဲ့သော်လည်း စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အဆိုပါ လုပ်ငန်းစဉ်များမှာ တားဆီးဟန့်တား ခံခဲ့ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အလုံးစုံ ပျက် သုဉ်းစေခဲ့ပြီး နိုင်ငံတကာရာဇဝတ်မှုခင်းများအတွက် လုံခြုံသည့် ရပ်ဝန်းတစ်ခုကိုပင် ဖန်တီးပေးခဲ့ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  ပြောကြားသည်။

ထို့အပြင်  ဘိန်းစိုက်ပျိုးခြင်းနှင့်ဆက်စပ်၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်မှ စတင်၍ စိုက်ပျိုးမှု ကျဆင်းစေရန် လုပ်ဆောင်နိုင်ခဲ့သော်လည်း မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၂ ဆ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းချဲ့ထွင်လာ ခြင်း သည် မဲခေါင်ဒေသတွင် ကြီးထွားလာသည့် တရားမဝင် စီးပွားရေးကို ပိုမို အကျိုးပြုကာ ငွေကြး ခဝါချမှု နှင့် လောင်းကစားရုံများနှင့် အွန်လိုင်းလိမ်လည်မှုများ ကဲ့သို့သော အွန်လိုင်းရာဇဝတ်မှုများ အတွက် လမ်းကြောင်းပေးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်မှ ထိန်းချုပ်ထားသည့် နယ်ခြား စောင့် တပ်များ၏ ပါဝင်မှုဖြင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရာ လုပ်ငန်းများအတွက် အဓိကကျ သည့် နေရာပင် ဖြစ်လာခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် လောက်ကိုင်နှင့် ရွှေကုက္ကိုလ်ဖြစ်စဉ် များမှာ ၎င်းတို့၏ ပြစ်မှုများအတွက် ထင်ရှားသည့် သာဓကများပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

အလားတူပင် အာဏာသိမ်း အကြမ်းဖက်စစ်တပ်အောက်တွင် ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပျက် သုဉ်းခဲ့ခြင်းက မြန်မာနိုင်ငံတွင် အကျင့်ပျက်ချစားမှုများ၊ အလုပ်လက်မဲ့ဖြစ်မှု၊ အတင်းအကျပ် လုပ် သားခိုင်းစေမှုနှင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ ကုန်ကူးမှု စသည် ဖြင့် မတည်ငြိမ်မှုကို ကြီးထွား စေခဲ့သည့်အပြင် ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်တပ်မှ နေ့စဉ်နှင့်အမျှ ကျူးလွန်လျက် ရှိ သော မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဥပဒေမဲ့ ကွပ်မျက်ခြင်း၊ အတင်းအကျပ် တပ်သား စုဆောင်း ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများနှင့် အိမ်များကို မီးရှို့ ဖျက်ဆီးခြင်း ကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ ရာဇဝတ်မှုများနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး တို့ကို ကြုံတွေ့ခံစားနေရကာ အသက်အိုးအိမ်နှင့် လူမှုဘဝများအပေါ် ကြီးမားသော ဒုက္ခကို ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

 

ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ အရှိန်အဟုန် မြှင့်တင်ကာ အကြမ်းဖက် စစ်တပ်နှင့် စစ် အာဏာရှင်စနစ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ၏ ဇစ်မြစ်အဖြစ် တစ်သံတည်း သတ်မှတ်၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု စက်ဝိုင်းနှင့် ရာဇဝတ်မှုများကို ရပ်တန့် ချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းထံမှ ခိုင်မာအားကောင်း သော အထောက်အပံ့ များနှင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ပေးပါရန် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *