တနင်္သာရီမြို့နယ် သိန္ဓောရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းဟောင်းနှင့်အင်းရှည်ကုန်းရွာကို လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်
D Day News
အောက်တိုဘာလ ၈
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်း ဟောင်းတစ်ခုဖြစ်သည့် သိန္ဒောစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန္ဓော ရွာရှိ စခန်းဟောင်းကို အ ကြမ်းဖက်စစ်ကောင်စီမှ K-8W Jet Fighter အမျိုးစားတိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် စက်တင်ဘာလ၊ ၂၅ ရက်နေ့က စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များစွန့်ခွာထွက်ပြေးခဲ့သည့် စစ် ကောင် စီ၏ စခန်းဟောင်းတစ်ခုဖြစ်သည့်အပြင် လူသူမရှိသောစခန်း အလွတ် တစ်ခုလည်း ဖြစ်သ ဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့အပြင်တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာအတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ် သောပြည်သူများနေထိုင် ရာ ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ကျေးရွာ နေပြည်သူများ စိုးရိမ်ပူပန်လျက်ရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၁ က ထုတ်ပြန်ထားသည်။
D Day News