NUG News

0 0
Read Time:6 Minute, 43 Second

လက်ရှိ ပြည်တွင်းရေးအပေါ် ဒေသတွင်းနိုင်ငံများက ထဲထဲဝင်ဝင် ဝင်ရောက်စွက်ဖက်နေပြီး စစ် ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံနှင့် ပြည်သူလူထုကို အဆိုးကျော့သံသရာထဲမှ ရုန်းမထွက်နိုင်အောင်လုပ်ဆောင်မှုဖြစ်သည်ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောဆို (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၈

 

လက်ရှိ ပြည်တွင်းရေးအပေါ် ဒေသတွင်း နိုင်ငံများက ထဲထဲဝင်ဝင် ရောက်စွက်ဖက်နေပြီး အကြမ်း ဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံနှင့်ပြည်သူလူထုကို အဆိုးကျော့ သံသရာ ထဲမှ ရုန်းမထွက်နိုင်‌အောင် လုပ်ဆောင်မှုဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာတွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့် ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို့ ကြိုးစားတယ်လို့ ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ် တယ်လို့ ပြောနိုင်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

အတိတ်က အမြစ်တွယ်နေသည့် စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများကို ကုစားရာတွင် နိုင်ငံရေး ဆေးမြီးတိုများဖြင့် ဖြေရှင်း၍မရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 

“အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ဒေသတွင်း နိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပို့နိုင်ဖို့ လိုပါတယ်။ အခု ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို့ လိုပါတယ်။” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက လုပ်ဆောင်ရန် ကြိုးစားနေသော အထွေထွေရွေးကောက်ပွဲ သည် ဒီမိုကရေစီ ကျင့်ထုံးနှင့် ဒီမိုကရေစီ မူများကို အခြေတည်ကာ လုပ်ဆောင်သည့် ရွေးကောက်ပွဲ မဟုတ်ပဲ စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် အသွင်းပြောင်းရေး လက်နက်တစ်ခုသဖွယ် အသုံးချခြင်းကြောင်း သတိပေးထားသည်။

 

“နောက်တစ်ခုကတော့ ဒေသတွင်းနိုင်ငံတွေထဲက အထူးသဖြင့် စစ်ကောင်စီက လုပ်ဆောင်ဖို့ ကြိုး စားနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနည်းငယ် ပြောချင် ပါတယ်။ တကယ် တော့ ကျွန်တော်တို့ အားလုံးက ဒီမိုကရေစီအခြေခံစံတန်ဖိုးတွေကို လေးလေးနက်နက် ယုံကြည်ကြတာ ဖြစ်တာကြောင့်၊ ဒီမိုကရေစီရွေးကောက်ပွဲဆိုတာကို မူအားဖြင့် ခိုင်ခိုင်မာမာ ယုံကြည်လက်ခံ ထား ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခု စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီ ကျင့်ထုံးနဲ့ ဒီမိုကရေစီမူတွေကို အခြေတည်ပြီး လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာသိမ်း မှုကို တရားဝင်အာဏာအဖြစ် အသွင်ပြောင်းဖို့အတွက် ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချ တဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာ မည် တပ်ရတာဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

နိုင်ငံတကာလေ့လာဆန်းစစ်များတွင် အာဏာရှင်များက ရွေးကောက်ပွဲကိုအသုံးချကာ အာဏာတည် မြဲရေး လုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် တင်းပြည့်ကျပ်ပြည့် ဒီမိုက ရေစီကို ရောက်အောင်သွားရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်များက စပွန်ဆာလုပ်ပြီး ကျင်းပသည့် ရွေးကောက်ပွဲသည် အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

 

“ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူလူထုကို အဆိုးကျော့သံသရာထဲကနေ ရုန်းမထွက်နိုင်အောင် “ဘိန်းမှိန်း” မှိန်းခိုင်းတာလို့ပဲ ကျွန်တော် မြင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေကုထုံး မဟုတ် သလို၊ အနာဂတ် လူ့အဖွဲ့အစည်းအတွက်လည်း မျှော်လင့်ချက်သစ် မဖြစ်နိုင်ပါဘူး။ ဒါကို ကျွန်တော် တို့ တတွေ လေးလေးနက်နက် တွေးခေါ်စဉ်းစားပြီး အနာဂတ် လူ့အဖွဲ့အစည်းအတွက် အမြော်အမြင် ရှိရှိ တုံ့ပြန် လုပ်ဆောင်ဖို့ အင်မတန် အရေးကြီးပါတယ်။ဖြစ်ရပ်တိုင်း လုပ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းရင်း နောက်ခံတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ခြေခြေမြစ်မြစ်နားလည်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ “အကြောင်း – အကျိုး ဆက်စပ်မှု” ဆိုတာကို အမြဲ ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအတွင်းမှာ အကျိုးရလဒ်ကောင်းတွေ ပေါ် ပေါက်အောင်၊ အကြောင်းကောင်းတွေ အများကြီး ဖန်တီး တည်ဆောက်ရမယ်လို့ ယုံကြည်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *