Mon State News

0 0
Read Time:1 Minute, 45 Second

ရေးမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် ရဲမေ ၁ ဦးပါ စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၈

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းကန်ရွာအနီးတွင် ရဲမေ ၁ ဦး အပါအဝင် ကင်းပုန်းဝပ် နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးသွားကြောင်း ရေးဘီလူး တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၇ ရက် နေ့လည်ပိုင်းက ရေးမြို့နှင့်ကျောင်းရွာကြား ဖြတ်သန်းသွားလာ သော ကားများကို စစ်ဆေးနေစဉ် ပစ္စတိုလက်နက်ယူလာပြီး ကင်းလာထောက်သည့် လက်နက်ကြီး သင်တန်းဆင်းရဲမေတစ်ဦးကို ဖမ်းမိခဲ့ရာ ကျန်တပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နေသည်ကို စစ်ဆေးသိရှိပြီး သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသော စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျောင်းရွာ ၅၈၃ က လက်နက်ကြီး သင်တန်းဆင်း တပ်သား ရဲမေတစ်ဦး အပါအဝင် စကစ တပ် သား ၅ ဦး ရှင်းလင်းပြီးစီး၊ စကစ အလောင်းများကို ရေးမြို့ရေခဲတိုက်သို့ သယ်ဆောင်သွား” ဟု ရေး ဘီလူးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

 

ထိုသို့ သွားရောက်တိုက်ခိုက် နေချိန်တွင် ဖမ်းဆီးရရှိသော ရဲမှာလည်း ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *