KIA News

0 0
Read Time:2 Minute, 30 Second

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ  Lucky Men ဟိုတယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ် တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်အရှင်ဖမ်းမိကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၈

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ Lucky Men ဟိုတယ်တွင် တပ်စွဲထားသော အ ကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ၂၀ ဦးကျော်အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်း များထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ တရုတ်နိုင်ငံ သားတစ်ဦး ပိုင်ဆိုင်သော Lucky Men ဟိုတယ်တွင် အခိုင်အမာတပ်စွဲကာ ခုခံစစ်ဆင် ဆင်နွှဲနေ သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ထွက်ပြေးသွားပြီး ၎င်းတို့ကိုလည်း လိုက်လံရှင်းလင်းလျက် ရှိကြောင်း သိရသည်။

“ဒီမနက် Lucky Men ဟိုတယ်ကိုအပြီးသတ် ရှင်းလင်းလိုက်ပြီ။ စစ်တပ်တွေမရှိတော့ဘူး။ စစ်သား အရှင် ၂၀ ကျော်ကိုဖမ်းမိထားတယ်။ အခုထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းနေတယ်။ ဖမ်းမိ နဲ့ သေဆုံးဆိုရင် စစ်သားအားလုံးပေါင်း ၄၀ ကျော်တယ်၊ စစ်တပ်က လေကြောင်းကနေ ဗုံး လာကျဲနေတာ၊ ပြီးတော့ လက်နက်ကြီးတွေနဲ့ရွာထဲကို ပစ်နေတယ်၊ နေအိမ်တွေလည်း မီးလောင် နေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆို သည်။

 

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာ၌ စက်တင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ် ပြီး စစ်တပ်က Lucky Men ဟိုတယ်တွင် တပ်စွဲကာ ဓားစာခံ ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်း၊ အနီးအပတ်ဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *