AA News

0 0
Read Time:3 Minute, 15 Second

ဘူးသီးတောင်မြို့နယ်တွင် ပျောက်ဆုံးသွားသော ပြည်သူ ၂ ဦးအား လိုက်လံရှာဖွေပေးသည့် AA တပ်ဖွဲ့ဝင်များကို ARSA ခြုံခိုတိုက်ခိုက်ခံရကာ ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

 

D Day News

အောက်တိုဘာ ၈

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပျောက်ဆုံးသွားသော ပြည်သူ ၂ ဦးကို လိုက်လံရှာဖွေပေး သည့် DLEPS ၏ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်များကို ARSA မူဆ လင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ဦးကျဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း AA ကသတင်းထုတ်ပြန်သည်။

 

ယမန်နေ့ အောက်တိုဘာလ ၇ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ် ကွက်၊ ရွာသစ်တွင် နေထိုင်ကြသော အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နှင့် အသက် ၅၆ နှစ်အရွယ် မောင်မြအောင် တို့ နှစ်ဦးသည် အိမ်ဆောက်လုပ်ရန်အတွက် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန်ထွက် သွားခဲ့ရာက နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ ပျောက်ဆုံးနေသဖြင့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲထံသို့ အသိပေး အကြောင်းကြား လာခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေး အကြောင်းကြားသောကြောင့် လုံခြုံရေးတပ်ဖွဲဝင် ၃ ဦးတို့သည် ပျောက်ဆုံးနေသူ နှစ်ဦးကို ရှာဖွေရန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ထွက်လာခဲ့ရာ ၅ မိနစ်ခန့်အကြာ ဘူးသီး တောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝ အနီးအရောက် ARSA မူဆလင်အကြမ်းဖက် လက် နက်ကိုင်အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး၌ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် ၎င်းတို့စီးလာသော ဆိုင်ကယ် မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှိဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

 

ခြုံခိုတိုက်ခိုက်ခဲ့သော ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အား အာရက္ခပြည်သူ့လုံခြုံရေး တပ်ဖွဲဝင်များနှင့် အာရက္ခတပ်တော်တို့က လိုက်လံဖမ်းဆီလျက်ရှိသည့်နည်းတူ ပျောက်ဆုံးနေသူ ရွာသားနှစ်ဦးအားလည်း ရှာဖွေလျက်ရှိကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

 

အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်း ဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကိုလည်း ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *