AA News

0 0
Read Time:5 Minute, 37 Second

အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ရှိရာ အမ်းမြို့နှင့် ၁၄ ကီလိုမီတာ အကွာရှိ မဲတောင်ဗျူဟာစခန်း၊ ကျိန္တလီမြို့ပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိ

 

D Day News

အောက်တိုဘာလ ၈

 

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နှင့် ၁၄ ကီလိုမီတာအကွာအဝေးရှိ မဲတောင်ဗျူဟာခန်းကို အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန် သည်။

 

ယမန်နေ့ အောက်တိုဘာလ ၇ ရက် ညနေ ၃ နာရီ မိနစ် ၅၀ အချိန်က အမ်းမြိုနယ်အတွင်း လက် ကျန် စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ အကြမ်းဖက်စစ်တပ် စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲတောင် ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေး ကြောင်း သိရသည်။

 

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာန ချုပ် လက်အောက်ခံ တပ်ရင်းအချို နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်း များ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင် နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှား ကြကြောင်း၊ မဲတောင်ဗျုဟာကုန်းသိမ်းတိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်း နှင့်ဆက်စပ်စခန်းကုန်းများအား အာရက္ခတပ်တော်မှ ဝိုင်းရံပိတ် ဆို ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၀ မိနစ်မှ စတင်၍ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ၏ အနောက်ဘက် မီတာ (၄၀၀) ခန့်အကွာအဝေး၌ စတင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တစ်ခု ပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျိန္တလီဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့် ကြာမြင့် ခဲ့ပြီးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေ သည့် ကြားမှ စစ်ရေးအရများစွာရှို့နိမ့်သွားသဖြင့် ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထား သည့် ကုလားပြင်တံတားကို  အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးကာ ဂွမြို့ဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အာရက္ခတပ်တော်မှ ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာလ ၆ ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့ပြီးနောက် အဆိုပါတံတားကို အကြမ်းဖက်စစ်သားများက ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွား ခြင်းဖြစ်ကြောင်း၊ ထိုသို့  ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်း တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

 

မောင်တောမြိုသိမ်းတိုက်ပွဲ၏ တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် နည်း တူ ARSO၊ RSO မူဆလင်အကြမ်းဖက် လက်နက်ကိုင်အဖွဲအစည်းများ၏ မောင်တော၊ ဘူးသီးတောင် ဒေသ များ၌ အတင့်ရဲစွာ ပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကိုလည်း တိုက်ဖျက် ဆောင် ရွက်လျက်ရှိကြောင်း AA က အသိပေးထားသည်။

 

စစ်ရေးအရ အရေးနိမ့်နေသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများနှင့် လူ သားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီ ဩဂုတ်လ ၇ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန်တွင် တောင်ကုတ်၊ ရွာမရွာအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးကာ အပြစ်မဲ့အရပ်သား ပြည်သူ အချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

 

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြ သော ခမရ (၃၄၆/၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆိုထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *