EU News

0 0
Read Time:3 Minute, 49 Second

NLD ပါတီ ဒုဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီ ပိုင်းအလိုမှ ပေးအပ်ခဲ့သည့် စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် စစ်မှန်သော သနားကြင်နာ မှု မဟုတ်ဟု EU ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၇

 

NLD ပါတီ ဒုဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီ ပိုင်းအလိုမှ ပေးအပ်ခဲ့သည့် စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံး – EU က ထုတ်ပြန်ထားသည်။

 

ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် သည် မန္တလေး မြို့ပြည်သူ့ ဆေးရုံကြီး အထူးကြပ် မတ်ကုသဆောင် – ICU ထဲ၌ ကွယ်လွန်ခဲ့ကြောင်း၊ ထိုသို့ မကွယ် လွန်မီ အောက်တိုဘာလ ၆ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီသည် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း ကြေညာခဲ့သည်။

 

ထိုသို့ ကြေညာခြင်းနှင့်ပတ်သက်၍ EU က နှစ်ပေါင်းများစွာ လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည် လွန်စွာလူ မဆန် ၊ အဆင့်နှိမ့်စွာ နေခဲ့ရကြောင်း၊ မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ စစ်အစိုးရက သူ၏ လွတ် ငြိမ်း သက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည် စစ်မှန်သော သနားကြင်နာမှု မဟုတ်ကြောင်း၊ မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်ထားသည်။

ဒေါက်ဇော်မြင့်မောင်သည် သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ် စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဒေါက်တာဇော်မြင့်မောင် သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ထောင်ဒဏ် (၁၉) နှစ် ကျခံခဲ့ ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူး အလေးအနက်ထား ခုခံကာကွယ်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာ ဏာပိုင်များက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ဥရော ပသမဂ္ဂ – EU က ပြောဆိုထား သည်။

 

ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန် လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီး ထိန်းသိမ်းထား ခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *