Sagaing News

0 0
Read Time:3 Minute, 31 Second

ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ခဲ့မှုအား နားလည်ခွင်လွှတ်ပေးရန် ဘုတလင်မြို့ နယ်တွင် အရှင်ဖမ်းမိခဲ့သည့် ဗိုလ်ကြီးအောင်ကျော်ဇင်က တောင်းပန် (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၆

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဖမ်းမိခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အောင်ကျော်ဇင်က ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့မှုအား နားလည်ခွင့်လွှတ်ပေးပါ ရန် တောင်းပန်ထားကြောင်း သိရသည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းမှ ဘုတလင်မြို့သို့ ပြန်လာသည့် ခမရ ၁၀၆ မှ ဗိုလ်မှူးကျော်တင့် ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆) ၊ ခလရ ၂၂၉၊ နမခ တိုင်း လက် အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သား ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးပါ စစ်သုံ့ပန်း ၄၃ ဦးလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ဖမ်းဆီးရရှိသူများတွင် ဝန်ခံထွက်ဆိုထားသူ ဗိုလ်ကြီးအောင်ကျော်ဇင်တစ်ဦးလည်းပါရှိပြီး ၎င်းတို့စစ်ကြောင်းသည် ကူတော်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ခဲ့သဖြင့် စစ်ကူ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ကူလာရောက်စဉ် ကျွန်သေချောင်းကျေးရွာမှ ပြည်သူ ၁ ဦး၊ ကတိုးကျေးရွာမှ အသက် ၇၀ ကျော် အမျိုးသား ၁ ဦးနှင့် ပကဖ အဖွဲ့ဝင် နှစ်ဦး တို့ကို ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး ကတိုးရွာမှ နေအိမ် ၂၀ ဝန်းကျင်ကို မီးရှိဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျွန်​တော်က​တော့ ကူ​တော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူ​တွေကိုသတ်ဖြတ်ခဲ့ပါတယ် ။ ပြီး​တော့အပြစ်မဲ့ ပြည်သူ့အိမ်​တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ အရာ​တော်ကို လမ်း​ကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်​တွေကို မီးရှို့ဖျက်ဆီးခဲ့ပါ တယ် ။ဒီအတွက် ကျွန်​တောမှာအပစ်ရှိကြောင်းဝန်ခံပါတယ် ။ ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်” ဟု ဗိုလ်ကြီးအောင် ကျော်ဇင်က ပြောကြားထားသည်။

 

ယင်းတိုက်ပွဲအတွင်း ဖမ်းဆီး ရမိတဲ့ စစ်သုံ့ပန်းများကို စစ်စည်းကမ်း ဥပဒေ နှင့်အညီ လူသားဆန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး စစ်သုံ့ပန်းများ အနေဖြင့်လည်း အမှားကိုသိ၍ ပြည်သူများကို ကနဦး တောင်းပန်စကားပြောကြားခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း – Battalion of Budalin-BOB က ထုတ်ပြန်ထားသည်။

 

“ယခင်က အများပြည်သူအ​ပေါ် ကျွန်​တော့အ​နေနဲ့မှားယွင်းစွာလုပ်​ဆောင်ခဲ့မိတဲ့ ၊​ပြောဆိုဆက်ဆံမိခဲ့ တာ တွေကို ​နောက်​နောင်မှာမလုပ်​တော့ပါဘူးလို့ ဝန်ခံကတိပြုအပ်ပါတယ် “ဟု ဗိုလ်ကြီး​အောင်​ကျော်ဇင်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *