Sagaing News

0 0
Read Time:3 Minute, 22 Second

ရွှေဘိုမြို့တွင်အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေ တောင်းမရ တော့သဖြင့် ပေါ်တင် ဓားပြတိုက်နေ

 

D Day News

အောက်တိုဘာလ ၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လုပ်ငန်းရှင်များထံ ခြိမ်း ခြောက်ငွေတောင်းမရတော့သဖြင့် ပေါ်တင်ဓားပြတိုက်နေကြကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက် ည ၉ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး အများ အပြား လုံခြုံရေးယူထားရာ ရွှေဘိုမြို့ဈေးတောင်ဘက်ရှိ ကုန်သည်တစ်ဦးနှင့် ညနေပိုင်းတွင် နန်း တော် အနောက်ဘက် ငါးခြောက်ဆိုင်တစ်ဆိုင်တို့ ဓားပြဝင်တိုက်ခဲ့ရာ ရွှေ၊ ငွေ အများအပြားပါသွား ကြောင်း၊ ထိုသို့ ဓားပြတိုက်ရာတွင် ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ တံခါးခေါက်ဖွင့်ခိုင်းပြီး လူများ ကို ကြိုးဖြင့်တုတ်ကာ ရှိသမျှပစ္စည်းအကုန်ရှာဖွေယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဧည့်စာရင်း စစ်မယ်၊ အဲလိုပုံစံမျိုးနဲ့တံခါးခေါက်ပြီး ဓားပြဝင်တိုက်တာ၊ လူအလုံးကို ကြိုးနဲ့ တုတ် တယ်၊ပြီးတော့ ရှိသမျှ ရွှေ၊ ငွေ အကုန်ယူတယ်၊ အဲလိုနေရာတွေက စကစ လုံခြုံရေးတင်းကြပ်ထာ တဲ့ နေရာတွေပါ၊ နေ့ရော ညပါလုပ်နေတာ၊ မနေ့ည ၉ နာရီလောက်က ဈေးတောင်ဘက် ကုန်သည် တစ်ဦး ဓားပြတိုက်ခံရတယ်၊ ညနေပိုင်းက နန်းတော်အနောက်ဘက် ငါးခြောက်ဆိုင်အိမ်တစ်အိမ် ဓားပြတိုက်ခံရတယ်၊ အရင်ကတော့ ဖုန်းမက်ဆစ်နဲ့ စာပို့ခြိမ်းခြောက်ပြီး ငွေလွှဲခိုင်းတာ၊ မလွှဲရင် အခု လာသတ်မယ်ခြိမ်းခြောက်တော့ လုပ်ငန်းရှင်တွေက လွှဲပေးရတာ၊ အခုက အဲလိုမဟုတ်တော့ဘူး။ ဧည့်စာရင်းစစ်တယ်၊ လူမများတဲ့အိမ်ဆိုရင် ဒီနေ့စစ် မနက်ဖြန် ဓာပြတိုက်ခံရပြီပဲ၊ အဲလိုပေါ်တင် လုပ်နေတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ လုပ်ဆောင်နေသည်မှာ ရွှေဘိုမြို့နယ်၊ မေခွန်ရွာသား ပျူစောထီးခေါင်းဆောင် ပေါသိန်း ဆိုသူ နှင့် နောက်လိုက်များက အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ် ပြီး ရရှိသည့်အကျိုးအမြတ်များကို အကြမ်းဖက်စစ်သားထံ ထောက်ပံ့ပေးခြင်း၊ မေခွန်၊ နွားလေးကုန်း ၊ ဈေးကလေးရွာသူ၊ ရွာသားများကို စစ်ကောင်စီက ထောက်ပံ့သည်ဟုဆိုကာ ငွေငှပေးခြင်းတို့ လုပ် ဆောင်နေကြောင်း သိရသည်။

 

“အဓိကလုပ်နေတာက မေခွန်ရွာသား ပေါသိန်းနဲ့ ရခတွေပါ၊ မာရှယ်လော အချိန်၊ ဧည့်စာရင်း စစ်ချိန် တွေဆိုရင် ပြည်သူတွေကြောက်နေကြပြီ။ စကစ လုံခြုံရေး တာဝန်ယူထားတဲ့ မြို့လယ်တွေက ပိုက် ဆံရှိတဲ့ အိမ်တွေကို ရွေးပြီးတိုက်နေတာ၊ လူတော်တော်များများ ရာချီခံကြရပါတယ်” ဟု ဒေသနေ ပြည်သူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *