MNDAA News

0 0
Read Time:3 Minute, 17 Second

လားရှိုးမြို့ရှိ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး တိုက် ၂ လုံးအပါအဝင်အနီးပတ်ဝန်းကျင်နေအိမ်များ ပျက်စီး

 

D Day News

အောက်တိုဘာလ ၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် ၅ ရပ်ကွက် ၊ မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင်ဘုန်း ကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိပြီး တိုက် ၂ လုံးအပါအဝင် အနီးပတ်ဝန်းကျင်နေအိမ်များပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

 

ယနေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ကလေကြောင်းဖြင့် လားရှိုးမြို့ ရပ်ကွက် (၅) ၊ မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင်ဘုန်းကြီးကျောင်း အနီးရှိ လူနေအိမ်ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲချမှုကြောင့် သုံးထပ်တိုက်အိမ်တစ်လုံးနှင့်နှစ်ထပ်တိုက်အိမ်တစ်လုံးအပြင် အနီးပတ် ဝန်းကျင်ရှိနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခင်ရက်ပိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ညဖက် များမှသာ ပြုလုပ်ခဲ့သော်လည်း ယခုရက်ပိုင်းများ၌ နေ့လည်ကြောင်တောင် ပေါ်ပေါ်ထင်ထင် ပြုလုပ် လာခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သည့် နေရာများသည် စစ်ရေးနှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိသော လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်များကို အကြောင်းမဲ့သက်သက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

 

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတကာက တားမြစ်ထားသည့် စစ်ရာဇဝတ်မှုကို ရဲရဲတင်းတင်း ကျူးလွန်နေခြင်းဖြစ်ပြီး လားရှိုးမြို့နှင့် ပတ်ဝန်းကျင်ရွာတွေအပါအဝင် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များ ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်နေမှု အကြိမ်ကြိမ်ပြုလုပ်နေခြင်းအပေါ် ပြည် သူများက စိုးရိမ်ထိတ်လန့်ကြီးစွာ ခံစားနေကြရကြောင်း သိရသည်။

 

“ဘာဖြစ်လို့ ဗုံးလာကြဲနေမှန်းကိုမသိဘူး။ ညရော နေ့ရော ဗုံးလာကြဲနေတာအရမ်းလဲကြောက် တယ်။ တခြားသွားစရာလဲ မရှိဘူး။ကြောက်ကြောက်နဲ့ ဒီမှာဘဲ နေရတယ်”ဟု လားရှိုးမြို့နေ ပြည်သူ တစ်ဦးက ပြောကြားသည်။

 

လားရှိုးမြို့တွင် လတ်တလောအခြေအနေ၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး စိုးရိမ်စရာမရှိကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *