Magway News

0 0
Read Time:3 Minute, 6 Second

ပေါက်မြို့နယ်ရှိ၊ ရွှေဘုံသာ ပျူရွာကို ဝင်ရောက် တိုက်ခိုက်မှု ကင်းစခန်းကုန်း ၃ ခုသိမ်းပိုက်မိကာ ၂ ဦး သေဆုံးပြီး စစ်သား၊ ပျူ ၄ ဦးကို လက်နက် ၁ လက်နှင့်အတူ အရှင်ဖမ်းမိ

 

D Day News

အောက်တိုဘာလ ၆

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ပျူ ၂ ဦးသေဆုံးပြီး ၄ ဦးကို လက်နက် ၁ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် – မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူ ရွာကို PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အ ကြမ်းဖက် စစ်တပ်က မြေပြင် စစ်ကူနှင့်လေကြောင်းတိုက် ခိုက်မှုများကြောင့် အလုံးစုံ သိမ်းပိုက်နိုင် ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စခဘက်က စစ်ကူလာတဲ့ အနေအထားရော ဂျက်ဖိုက်တာနဲ့ ကြဲတာတွေရောကြောင့် သိမ်းနိုင်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးပေါ့နော်။ ရွှေဘုံသာနဲ့ ထိစပ် စပန်ရွာထဲထိ ဝင်နိုင်ခဲ့တယ်။ ကင်းကုန်း သုံးကုန်း သိမ်းနိုင်ခဲ့ပါတယ်၊ တိုက်ပွဲဖြစ်တုန်း စခတွေဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ စပါး မျော ရွာက တစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်ကတော့ ဆေးကုသမှုခံယူနေပါတယ် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု ပေါက်မြို့နယ် – မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး၊ ပျူ ၃ ဦးကို MA 2 သေနတ်‌ ၁ လက်နှင့်အတူ အရှင်ဖမ်းမိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က နံနက် ၇ နာရီ မိနစ် ၃၀ တွင် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ နံနက် ၉ နာရီဝန်း ကျင်ခန့်၌ ၁ ကြိမ် လေကြောင်းဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ပစ်ကူပေးခဲ့သဖြင့် စပါးမျောကျေးရွာနေ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပေါက်-မြိုင် တပ်ပေါင်းစု၊ Seven Star၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၊ ၁၂ ၊ ၁၅၊ ၁၆၊ ၁၈၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး-NPRFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း ဆင်နွှဲ ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *