Jail News

0 0
Read Time:4 Minute, 18 Second

မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး ကျန်းမာရေးအခြေအနေဆိုးရွား နေသူ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လူမှုရေးအရ ငဲ့ညှာသောအားဖြင့်ဟုဆိုကာ ရာဇဝတ်ကျင့်ထုံး ၄၀၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး

 

D Day News

အောက်တိုဘာလ ၆

 

မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး ကျန်းမာရေးအခြေအနေဆိုးရွား နေ သူ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လူမှု ရေးအရ ငဲ့ညှာသောအားဖြင့်ဟုဆိုကာ ရာဇဝတ်ကျင့်ထုံး ၄၀၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်ကြောင်း သိရသည်။

 

မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ကျန်းမာရေး ဆိုးဝါး လာသဖြင့် မန္တလေး ဆေးရုံ ICU ထံတွင် ဆေးကုသမှုခံယူနေရသည့် ဒေါက်တာဇော်မြင့်မောင်ကို  လူမှုရေးအရ ငဲ့ညှာ သောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည် စေရန် ရှေးရှုသောအား ဖြင့်လည်းကောင်း ဟုဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ် ဒဏ်များကိုပါ ဆက် လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်ခြင်းဖြစ် ကြောင်း ယနေ့ အောက်တိုဘာလ ၆ ရက်နေ့စွဲဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ မန္တလေးတိုင်း အကျဉ်းဦးစီးဌာနက စာထုတ်ပြန်ကာ လွတ်ငြိမ်းချမ်း သာခွင့်ပေးလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU တွင် အထူးကြပ်မတ် ဆေးဝါးကုသပေးနေရကြောင်း သိရသည်။

 

“နောက်ဆုံးသိရတာက ဆုံးတာတော့မဟုတ်သေးပါဘူး။ ဒါပေမယ့် အခြေ အနေတော့မကောင်းဘူး။ နေ့လယ်ပိုင်းက လွတ်ငြိမ်းချမ်းသာ အမိန့်လာဖတ်သွားတယ်တဲ့” ဟု NLD သတင်းရင်းမြစ်က ပြောဆိုသည်။

 

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ် ရွေးကောက်တင် မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ် များ ချမှတ်ခဲ့ကြောင်း၊ ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

 

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် NLD အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင် မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခံရသည့်နေ့တွင် မိသားစုနှင့်အတူ စစ်တပ်၏ ဖမ်း ဆီးထိန်းသိမ်းမှု ခံခဲ့ရပြီး စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *