Bago News

0 0
Read Time:2 Minute, 30 Second

အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ ဝင်ရောက်လာသော ရှေ့ပြေးစစ်ကြောင်းနှင့် ကင်းထောက် စစ်သားများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ ဝင် ရောက်လာသော ရှေ့ပြေးစစ်ကြောင်းနှင့် ကင်းထောက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံး ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖိုထံမှ သိရသည်။

 

အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းမှ အကြမ်း ဖက်စစ်သား၊ ရဲ အင်အား ၁၂ ဦးခန့်ဖြင့် ဂမုန်းရေလှောင်တမံဘက်သို့ တက်လာသော ရှေ့ပြေးစစ် ကြောင်းကို တာဝါတိုင်ရွာအတွင်း၌ မိမိတို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုမှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး နေရာမှာ ပင်ပွဲချင်း ပြီး သေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲပြီးနောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကူ စစ်သားရောက်ရှိလာကာ သေဆုံးဒဏ်ရာရ သူများကို သယ်ဆောင်၍ တပ်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

ထို့နောက် ညနေ ၃ နာရီခန့်တွင် ဂမုန်းရေလှောင်တမံဘက်သို့ ကင်းထောက်ရန် အရပ်ဝတ် ဖြင့် တက်လာသည့် လက်နက်ကိုင် အကြမ်းဖက်စစ်သား ၃ ဦးကို ဇီးကင်းပြန့် တောစပ်၌ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး စလုံး နေရာတွင် သေ ဆုံး သွားပြီး ထပ်မံရောက်ရှိလာသော အကြမ်းဖက်စစ်သားများက အလောင်းကောက်ယူ၍ တပ် ဆုတ်သွားကြောင်း သိရသည်။

 

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်တဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများအနီး သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ် ကြရန် အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *