TNLA News

0 0
Read Time:2 Minute, 19 Second

သီပေါနှင့်နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံး အလုံး ၇၀ ခန့်ကြဲချတိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ်မြို့နယ်နှင့်နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးသီး အလုံး ၇၀ ခန့်ကြဲချတိုက်ခိုက်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် ၅ နာရီအချိန်တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) (၁၀၃) ရက် မြောက် နေ့တွင် သီပေါ မြို့၊ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲဖြစ်ပွားလျက်ရှိသည့် စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာကို အကြမ်းဖက် စစ် ကောင်စီတပ်မှ Jet Fighter ဖြင့် (၅) ကြိမ် ဗုံး (၈) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နောင်ချိုမြို့နယ်၊ စစ်ကောင်စီ အမြောက်တပ် (၃၅၄) တပ်စခန်းနေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဉ် ဖြင့် (၇) ကြိမ် ဗုံး (၅၉) လုံးနှင့် အစိပ်ငွေ့ဗုံးများပါ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ထောက်ပို့လေယာဉ် Y-8 ဖြင့် (၇) ကြိမ် လက်နက်ခဲယမ်းများ အထုပ် (၆၀) ကြဲချကာ ထောက်ပို့ ပေးခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင် အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသဖြင့်  နှစ်ဖက်ထိ တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *