Magway News

0 0
Read Time:1 Minute, 52 Second

ဂန့်ဂေါခရိုင်အတွင်း၌ စစ်ရေးသတင်းပေါက်ကြားရန် မရှိစေရေးဟုဆိုကာ အခကြေးငွေကောက်ခံ၍ အသုံးပြုနေသော Star Link Wifi လိုင်းများ တစ်လ ပိတ်ပင်

 

D Day News

အောက်တိုဘာလ ၅

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း၌ စစ်ရေးသတင်းများ ပေါက်ကြားမှုမရှိစေရန်ဟု ဆိုကာ အခကြေး ငွေယူ၍ အသုံးပြုနေသော Star Link Wifi လိုင်းများ တစ်လပိတ်ပင်ကြောင်း ဂန့်ဂေါခရိုင်အုပ်ချုပ် ရေးအဖွဲ့က စာထုတ်ထားသည်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသရုံး၏ ထုတ်ပြန် ချက်ကို ကိုးကား၍ ဂန့်ဂေါခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်ထုတ်ပြန်ညွှန်ကြားထားခြင်း ဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူလူထုထံမှ အခကြေးငွေကောက်ခံပြီး Star Link Wifi အသုံးပြုခြင်းများကို တစ်လတိတိ ပိတ်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ခြင်းမှာ မလိုအပ်သော စစ်ရေးသတင်းပေါက်ကြားမှုများရှိနေခြင်းကြောင့် ပြည်သူ လူထုထံသို့ အခကြေးငွေကောက်ခံပြီး Star Link Wifi အသုံးပြုခွင့်ပေးခြင်းများအား တစ်လ ပိတ်သိမ်းခြင်းဖြစ်ကြောင်းနှင့် ခရိုင်၏စစ်ရေးလိုအပ်ချက်အရသာ အသုံးပြုရန် ညွှန်ကြားခြင်းဖြစ် ကြောင်း သိရသည်။

 

“ယောနယ်ကလူတွေကတော့ ပွဲဆူနေပြီ။ ဆန္ဒပြဖို့အထိတွေးနေကြပြီ။ ကောလင်းကနေ စတဲ့ ဂယက် လို့တော့ သိရတယ်။ အမိန့်ကြီးနဲ့လာတာဆိုတော့ တပ်ရင်းတွေကတော့ သိပ်မလှုပ်ဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *