International News

0 0
Read Time:5 Minute, 10 Second

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာမှ ဝိုင်းဝန်းကန့် ကွက် ပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

 

D Day News

အောက်တိုဘာလ ၅

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်သဖြင့် နိုင်ငံတကာမှ ဝိုင်းဝန်းကန့် ကွက် ပေးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်း တောင်းဆိုလိုက်သည်။

 

အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ (၇၉) ကြိမ်မြောက် အထွေထွေညီလာခံ၏ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများ (General Debate) ကျင်းပမှုအပြီးတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပင်မကော်မတီများ၏ အစည်း အဝေးများကို ကျင်းပပြုလုပ် လျက်ရှိကြောင်း၊ ယင်းပင်မကော်မတီ အစည်းအဝေးများအနက် လူမှု ရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယ ကော်မတီ) အစည်းအဝေး များကို အောက်တိုဘာလ ၃ ရက် နေ့က စတင်ကျင်းပခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သူများအနေဖြင့်မူ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင် စီ အား မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်အတွက် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်နှင့် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေး စီးဆင်းမှု ရပ်တန့်ရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အပြင် ဒီမိုကရေစီအတွက် လွတ် လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများက အခြေခံကျသည်ဟု အလေးအနက်ထားပြော ကြားလိုကြောင်း၊ သို့ရာတွင် အာဏာသိမ်း စစ်တပ်မှ ပြင်ဆင်နေသော မည်သည့် ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတ၍ အားလုံး ပါဝင်မှုရှိသော ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြဿနာကို ဖြေရှင်းနည်း မဟုတ်ဘဲ ပဋိပက္ခများကို ပိုမို ကြာမြင့် စေပြီး တိုက်ခိုက်မှု များကိုသာ တိုးပွားစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မြန်မာပြည်သူများ၏ ရပ်တည်ချက်မှာ ခိုင်မာလျက်ရှိပြီး စစ်တပ်မှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အလားတူ လုပ်ဆောင်ရန် တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် ပြည်သူများ ဒုက္ခခံစားနေရခြင်းနှင့် ဖြစ်ပေါ်နေသည့် အကျပ် အတည်းအတွက် အဓိက ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှု တို့ပင်ဖြစ်ပြီး ယင်း ဇစ်မြစ်ကို အပြီးတိုင် ချုပ်ငြိမ်းရန် လိုအပ်ကြောင်း၊ အဆိုပါ ပြည်သူများအား လွန်စွာ ထိခိုက်စေ သည့် ဇစ်မြစ်ကို ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာသော အရေးယူ ဆောင်ရွက်ချက် များ ချမှတ်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ လူငယ်များမှာလည်း ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုတွင် အလွန်အရေးပါ သော ဉီး ဆောင်မှု အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး စာသင်ကျောင်းများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြား နေရမည့်အစား အများစုမှာ လူမဆန်သော စစ်တပ်၏ ရန်မှ ပြည်သူများ၏ အသက် အိုးအိမ်များအား ကယ်တင်ရန်နှင့် လူ့အသိုက်အဝန်းများအား ကာကွယ်ရန် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေရ ကြောင်း၊ အချို့မှာ လည်း စစ်တပ်၏ မတရား ဖမ်းဆီးမှုကို ရှောင်ရှားရန် ပြည်တွင်းမှ ထွက်ခွာကြရ ကြောင်း၊ စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် တပ်သားစုဆောင်းမှုကြောင့် အလုံးအရင်း ဖြင့် ရွှေ့ပြောင်းနေထိုင်းခြင်းနှင့် ဦးနှောက်ယိုစိမ့်မှုပြဿနာတို့မှာ ပို၍ စိုးရိမ် ရသည့် အခြေ အနေဖြစ်လာ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *