Bago News

0 0
Read Time:4 Minute, 36 Second

တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ အတွင်းသို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်မှု ၅ ဦးထက်မနည်းသေဆုံး

 

D Day News

အောက်တိုဘာလ ၅

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ ရှော့ တိုက်ဒုံး ၅ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက် မနည်းသေဆုံးကြောင်း Brave Warriors for Myanmar (BWM)ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်အစောပိုင်း ၃ နာရီ ၄၀ မိနစ်အချိန်ကတွင် တောင်ငူမြို့ရှိ အ ကြမ်း ဖက်စစ်ကောင်စီ၏ တောင်ပိုင်းစစ်ဌာချုပ် – တပခ အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးကို Mission 23 အနေဖြင့် ပစ်ခတ်ရာ ရှော့တိုက်ဒုံး၄ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး တပခ စခန်းရုံး ခေါင်မိုး၊ ကင်းတဲ၊ အရာရှိနေအိမ်လိုင်းခန်းတို့ ထိမှန်ကာ အခြားအဆင့် ၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း၊ ထို့အပြင် တပ်ရေးဗိုလ် ကြီးတစ်ဦးအပါအဝင် ၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ရဲဘော်တွေအားလုံး Safe ဖြစ်ပါပြီ။ တပခ စခန်းရုံး ခေါင်မိုးပွင့်ပြီး အခြားအဆင့် ၃ ဦး သေတယ်၊တပ်ရေး ဗိုလ်ကြီးတစ်ဦး ဒဏ်ရာရတယ်၊ ကင်းတဲပွင့်ပြီး စစ်သည် ဦး ၂ ဦးသေတယ်၊ အရာရှိနေအိမ် လိုင်းခန်းထိမှန်ပြီး အရာရှိ ၃ ဦးဒဏ်ရာရရှိတယ်လို့ ကနဦးသတင်းရရှိထားတယ်၊ နောက်ထပ် အထိ အခိုက်များကိုဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်” ဟု Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း တော်လှန်ရေး အင်အား စုများကို တိုက်ခိုက်နေသော အကြမ်းဖက်စစ်စခန်းများအား အမိန့်ပေး ကွပ်ကဲနေ သည့် အဓိက တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည့် အပြင် လတ်တလောတွင် စကစ ၏ drone အစင်း ၁၀၀ သည် တပခ သို့ ရောက်ရှိနေကြောင်း ကြားသိရ၍ တော်လှန်ရေး ညီအစ်ကို မောင်နှများကို ကူညီသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏တိုင်းစစ်ဌာနချုပ်များသည် သက်ဆိုင်ရာဒေသအသီးသီးရှိနယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့ များကို အဓိက ကြိုးကိုင် ကွပ်ကဲနေသော ပင်မစစ်ဗဟိုချက်နေရာကြီးများဖြစ်ပြီး အဆိုပါတိုင်း စစ် ဌာနချုပ်များကို တိုက်ရိုက်တိုက်ခိုက်ကာ အင်အား ချိနဲ့စေရန်၊ ၎င်း၏ chain of command အောက်တွင်ရှိသော မြေပြင်လက်ရုံးတပ်ရင်းတပ်ဖွဲ့များကို အလို အလျောက် အင်အားချိနဲ့စေရန် ရည်ရွယ်၍ BWM နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုင်းစစ်ဌာနချုပ်များ၊ လေတပ် စခန်းများကို အထူးပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

“ကျနော်တို့ရဲဘော်တွေဟာ စခတွေပါတ်ချာလည်ဝိုင်းနေတဲ့ကြားကနေ ဒီမစ်ရှင်ကို စွန့်စွန့်စားစား ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ၊ လမ်းတလျှောက် ရေကကြီးထားတော့ ရွှံ့တွေ၊ နှုံးတွေ ဒူးလောက်ရှိ တယ်။ အဲဒီကြားက ပစ္စည်းတွေနဲ့ တော်တော်ရုန်းပြီး အမြန်ပစ်ပြီး ပြန်ထွက်ခဲ့ရတာပါ။ ဒါကြောင့် ပါဝင်ခဲ့တဲ့ ရဲဘော်တွေနဲ့ မဟာမိတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင် လေးစားကြောင်း ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ယခု တိုက်ခိုက်ခဲ့သည့် တောင်ပိုင်းစစ်ဌာနချုပ် – တပခ မစ်ရှင်သည် BWM တိုက်ခိုက်ခဲ့သည့် ၂၃ ခု မြောက်မစ်ရှင်ဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *