Sagaing News

0 0
Read Time:1 Minute, 44 Second

မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်းရှိ ဘန်ကာအတွင်း အရက်ထိုင်သောက်နေသော စစ်သား များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၄

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်းရှိ ဘန်ကာအတွင်း အရက်ထိုင်သောက်နေ သော အကြမ်းဖက်စစ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးသွားကြောင်း  TRUE Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်း ဝင်းအတွင်း၌ တပ်စွဲထားသောစစ်သားများ အနက် စစ်သား ၅ ဦးသည် ဘန်ကာထဲ၌ အရပ်ထိုင် သောက်နေစဉ် လက်ပစ်ဗုံး ပစ်သွင်းပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အထက ၁ ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်သားများနှင့် ဘဏ်ရုံး၌ တပ်စွဲထားသော စစ်သားများက မြို့ပြ ပြောက်ကျားရဲဘော်များကို လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို TRUE Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်း ခြံ) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *