Sagaing News

0 0
Read Time:2 Minute, 23 Second

ရေဦးမြို့နယ်၊ အောင်သာယာရွာစစ်သား၊ ပျူများက ပြည်သူလူထုကို ဗုံးကြဲရန် ဒရုန်း ပျံသန်းစဉ် ၎င်း တို့ အပေါ် ပြန်ပြုတ်ကျပြီး စစ်သား၊ ပျူ ၆ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၄

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာရှိ စစ်သား၊ ပျူစောထီးများသည် ပြည်သူလူထုနေထိုင် ရာ ကျေးရွာများကို ဗုံးကြဲရန် ဒရုန်းပျံသန်းစဉ် ၎င်းတို့အပေါ် ပြန်ပြုတ်ကျပြီး စစ်သား၊ ပျူ ၆ ဦးသေ ဆုံး ကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က ရေဦးမြို့နယ်၊ အောင်သာယာပျူရွာမှ အကြမ်းဖက်စစ်သားနှင့်ပျုများသည် မုံလှကျေးရွာသို့ Drone ဖြင့် ဗုံးသီးများကြဲချခဲ့ရာ Grade -8 ကျောင်းသူအပါအဝင် အမျိုးသမီး ၃ ဦး၊အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအပြီး နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နောက်ထပ်တစ်ကြိမ် ဒရုန်းဖြင့် ဗုံး ကြဲရန် ပျံသန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Jummer ဖြင့် တန်ပြန်ဆွဲယူပြီး Drone အား ပျူရွာအတွင်း ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ခေါ်ဆောင်လာပြီး ပျူရွာအပေါ်အရောက် ဒရုန်း ဗုံးသီးများ ပြုတ်ကျခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရျိခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၃ ရက် နှင့် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တို့တွင် မူးမြစ်အနောက် ဘက်ကမ်း ရေဦးမြို့နယ် အောင်သာယာပျူရွာမှ ပျူနှင့်အကြမ်းဖက်တပ်သားများသည် တိုက်ပွဲဖြစ် ပွားခြင်းမရှိပဲ မူးမြစ်အရှေ့ဘက်ကမ်း၊ ခင်ဦးမြို့နယ် ကျောက်တိုင် ၊ ကျီစု ၊ မုံလှ စသည့် ကျေးရွာများ ကို ၂ ရက်ဆက် Drone ဖြင့်ဗုံးကြဲခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၂ ကောင်သေဆုံးကာ နွားတင်းကုပ်တဲ တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *