Sagaing News

0 0
Read Time:3 Minute, 12 Second

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းနှင့် မိုင်းရှာစစ်သားများကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၄

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Burma Liberation Democratic Front – BLDF- အညာမိုင်းတပ်ခွဲထံမှ သိရသည်။

 

အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာလမ်းမပေါ် အလ္လကပ္ပ ကျေးရွာအနီးတွင် စစ်ကိုင်းမြို့ဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၆ စီးပါ ယာဥ်တန်း၏ ၄ စီးမြောက် ကားကို မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်သားများကို ချောင်းဦးဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း ခြေပြတ်လက် ဒဏ်ရာအပြင်းအထန် ၂ ဦးကို မုံရွာဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်သို့ လက်နက်ငယ် များဖြင့် ၁၅ မိနစ်ခံပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေတာက ၂ ယောက် ဒဏ်ရာရတာက ၆ ယောက်ပါ။ ခြေပြတ်လက်ပြတ် ၂ ယောက်ကိုတော့ ချောင်းဦးဆေးရုံကနေ မုံရွာကို သယ်သွားတယ်။ မနေ့ကတော့ တိုက်ပွဲမဖြစ်ပဲ ငါန်းယှန်ရွာနားမှာ တပ်စွဲထား စခတွေက ငါးယှန်ရွာဘက်ကို ရမ်းသမ်းခတ်နေတာတွေရှိတယ်” ဟု Burma Liberation Democratic Front – BLDF- အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့အခြေစိုက် Burma Liberation Democratic Front-တပ်ခွဲ (အညာမိုင်း) နှင့် ဒေါင်းဘုရင်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ ၂၉ ရက် နေ့ကလည်း မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီးတွင် လမ်း ကင်းယူရင်း မိုင်းရှာ နေသော အကြမ်းဖက်စစ်သားများကို မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦး သေ ဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BLDF တပ်ခွဲ အညာမိုင်း၊ ဇာမနီ နှင့် ဒေါင်းဘုရင် ပြောက်ကျားတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *