MNDAA News

0 0
Read Time:2 Minute, 54 Second

လားရှိုးမြို့နေပြည်သူများမှာ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း စစ်ပွဲပြီးချိန်တွင် ဗုံးကြဲ မှုကို အသေခံရန်သာ စောင့်ဆိုင်းနေရဟု MNDAA ထုတ်ပြန်

 

D Day News

အောက်တိုဘာလ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နေပြည်သူများမှာ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှုမရှိသော် လည်း စစ်ပွဲပြီးချိန်တွင် ဗုံးကြဲမှုချမှုကို အသေခံရန်သာ စောင့်ဆိုင်းနေရကြောင်း MNDAA က ထုတ် ပြန် ပြောဆိုထားသည်။

 

စက်တင်ဘာ ၂၇ ရက် နံနက် ၃ နာရီ ၃၅ မိနစ်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လေ ကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လားရှိုးမြို့မစျေးရှိ ဈေးဆိုင်ခန်းများ၊ ဟိုတယ်များနှင့် ပုဂ္ဂလိက နေအိမ်များ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးကာ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

default

လားရှိုးမြို့အမှတ် ၁ ရပ်ကွက်သည် လားရှိုးစစ်ပွဲ တစ်ခု လုံးတွင် ထိခိုက်ခြင်း မရှိခဲ့ကြောင်း၊ စစ်ပွဲအ တွင်း ၌လည်း ဒေသနေတို့မှာ စစ်ရှောင်ရန် မထွက်သွားပဲ နေခဲ့ရကြကြောင်း၊ စစ်ပွဲအပြီးတွင် ပြည်သူ များ ဘေးကင်းသည်ဟု ခံစားခဲ့ရသော်လည်း ရပ်ကွက် ၁ သည် မကြာခဏ ဗုံးကြဲတိုက်ခိုက်ခြင်း ခံခဲ့ရ ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြင်း အ ထန် ရရာရှိခဲ့နေသူက အိပ်ရာပေါ်မှ မထနိုင်ဘဲ ဗုံးကျချိန်တွင် သေဆုံးရန် စောင့်ဆိုင်းနေရုံသာ ကျန်ရှိ တော့သည်ဟု ပြောဆိုခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

 

စက်တင်ဘာလအတွင်း လားရှိုးမြို့ကို မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများတွင်း ရပ်ကွက် ၁ အတွင်း၌ ၃ ကြိမ် ဗုံးကြဲချခဲ့ရာ ယင်းဗုံးကြဲမှုများအတွင်း အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယနေ့ အောက်တိုဘာလ ၄ ရက် နံနက်အစောပိုင်းကလည်း လားရှိုးမြို့ရပ်ကွက် ၅ တွင် တည်ရှိသော ကိုးကန့်ရိုးရာ ဘာသာရေးအဆောက်အအုံ ကွမ်ရင်ဘုရားကျောင်းကို မင်းအောင်လှိုင်၏ အာဏာ သိမ်းတပ်က တမင်သက်သက် ပစ်မှတ်ထားဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်းအတွင်းရှိ ဘုရားရု ပ်ပွားတော်များနှင့် အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *