Magway News

0 0
Read Time:3 Minute, 25 Second

ပခုက္ကူမြို့နယ်၊ အင်းဘတ်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ပြီး မီးရှို့မှုကြောင့် နေအိမ် ၅ လုံးပြာကျ

 

D Day News

အောက်တိုဘာလ ၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်းဘတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်ပြီး မီးရှို့မှုကြောင့် နေအိမ် ၅ လုံးပြာကျသွားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – PPDF ထံမှ သိရသည်။

 

အောက်တိုဘာလ ၂ ရက် နံနက် ၈ နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ တွင်းမပျူစောထီး ကျေးရွာ အတွင်း အထိုင်ချထားသော အကြမ်းဖက်စစ်သား ၆၀ ခန့်သည် အင်းဘတ်ကျေးရွာအတွင်းသို့ စစ်ကြောင်း ထိုးခဲ့ကာ ဘုန်းကြီးကျောင်း၌ စခန်းချပြီးနောက် ဘုန်းကြီးကျောင်းအရှေ့ဘက်ရှိနေအိမ်များ ကို မီးတင်ရှို့သွားခဲ့ကြောင်း၊ ထိုသို့ မီးရှို့ပြီးနောက်တွင်းမပျူရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွား ကြောင်း သိရသည်။

Photo – ပုံဟောင်း

“တွင်းမပျူရွာကနေ ၈ နာရီခွဲလောက်ထွက်လာတာ။ ရွာက နီးကပ်တော့ ၉ နာရီလောက်မှာ ရွာထဲ ရောက်တယ်၊ ရောက်တော့ ဘုန်းကြီးကျောင်းထဲမှာ နားတယ်။ ၁၀ နာရီလောက်မှ စမီးရှို့တယ်။ ဘုန်းကြီးကျောင်း အရှေ့ဘက်နေအိမ်တွေကို ရှို့သွားတာ။ ဘုန်းကြီးကျောင်း အရှေ့ဘက်အိမ်တွေကို တဆက်တည်း ထွက်ရင်းရှို့သွားတာ။ သူတို့ပြန် ထွက်သွားတော့ ဒီဘက်က နယ်မြေခံအဖွဲ့တွေ ပူး ပေါင်းပြီး ရှင်းလင်းရေးဝင်တော့ ၅ အိမ်လောက်ပဲ ပါသွားတယ်။ အချိန်မီမီးငြှိမ်းနိုင်လိုက်တယ်။ ၅ အိမ်လောက်ကတော့ တော်တော်ဆိုးဆိုးရွားရွားပါ သွားတယ်၊ အင်အားကတော့ ၆၀ လောက်ရှိတယ်။ တွင်းမထဲကိုပဲ ၁၀ နာရီခွဲလောက်ကျတော့ ပြန် ဝင်သွားတာ။” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာသည်ကို ကြိုတင်သတင်းရရှိထားဖြင့် ကျေးရွာ နေ ပြည်သူများမှာလည်း ကြိုတင်တိမ်းရှောင်နေခဲ့ရကြောင်း၊ အင်းဘတ်ကျေးရွာသည် တွင်းမပျူရွာ နှင့် နီးကပ်နေသည့် ရွာတစ်ရွာဖြစ်သဖြင့် မကြာခဏစစ်ကြောင်းထိုးဝင်ရောက်ခံရမှုရှိကာ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း နေအိမ် ၃ လုံးမီးရှို့ခံခဲ့ရသေးကြောင်း သိရသည်။

 

“တိုက်ပွဲကမဖြစ်လိုက်ဘူး။ သူတို့က မကျည်းတန်းဘက်လောက်အထိ ဆက်တက်လာမယ်ဆိုရင် တော့ စောင့်နေတဲ့သူတွေရှိတယ်။ တက်မလာပဲနဲ့ တွင်းမရွာထဲပြန်ဝင်သွားတာဆိုတော့ မဖြစ်လိုက် ဘူး။ စစ်ကြောင်းဝင်လာတာကြိုသိတော့ ပြည်သူတွေက ရှောင်နေလိုက်တာ၊ ဒီနေ့လည်း အုတ်ရင်း ဘက်ကို အဲဒီစစ်ကြောင်းက ထပ်ထွက်သေးတယ်။ မနက် ၆ နာရီခွဲလောက်က ထွက်လာတာ၊ ၇ နာရီ လောက်ကျတော့ ပြန်ဝင်သွားတယ်။ အဲဒီစစ်ကြောင်းက ဝင်လိုက်ထွက်လိုက်နဲ့ လမ်းကြောင်းရှာ နေ တယ်ထင်တယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – PPDF မှ တာဝန်ရှိသူတစ်ဦး ကပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *