KNU News

0 0
Read Time:2 Minute, 16 Second

မူတြော်ခရိုင်အတွင်း၌ တပ်ဆုတ်ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်း ရရှိ

 

D Day News

အောက်တိုဘာလ ၄

 

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ခရိုင်အတွင်း၌ တပ်ပြန်ဆုတ်လာသောအကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ တပ်ရင်း မှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် ၃၀ ဦးသေဆုံးပြီး လက်နက် ၃၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

 

စက်တင်ဘာလ ၃၀ ရက်နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ဖာပွန်(မူတြော်)ခရိုင် လူသောမြို့နယ်၊ ဖာဂေါ်လိုးစခန်းမှ ခေးခို(ဘော်စဲခို)ဘက်သို့ တပ်ပြန်ဆုတ်လာသော အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို အမှတ် ၅ တပ်မဟာ လက် အောက်ရှိ ကရင်အမျိုးသား ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက လယ်ဝါးထာနှင့် စောမူပလော ဒေသအရောက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦးတိတိ မရှုမလှ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော ၆၀ မမ လက်နက်ကြီး ၅ လက်၊ RPG ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၁၆ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၅ လက်၊ MA-4 သေနတ် ၁ လက်၊ A-5 သေနတ် ၁ လက်၊ 9မမ ပစ္စတို သေနတ် ၁ လက်၊ စက်လတ် သေနတ် ၂ လက်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၄ လုံး၊ စကားပြောစက်အသေး ၁ လုံးနှင့် မိုင်းရှင်းစက် ၁ လုံးတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *