Chin State News

0 0
Read Time:2 Minute, 11 Second

တီးတိန်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို တက်ကြွစွာ လုပ် ဆောင်နေသူတစ်ဦးကို PDF Zoland က ဖမ်းဆီး

 

D Day News

အောက်တိုဘာလ ၄

 

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်းစာရင်းကောက်ယူမှုကို တက်ကြွစွာ လုပ်ဆောင်နေသူ တစ်ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း PDF Zoland မှ ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အရွယ် U Kam Lam Thang သည် အကြမ်းဖက်စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများနှင့်ပူး‌ ပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးမှုတွင် ရပ်ကွက်ခေါင်းဆောင်အဖြစ် တက် ကြွစွာ ပါဝင်လုပ်ဆောင်နေသဖြင့် ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက အရပ်သားပဲ၊ ဒါပေမယ့် သူက သန်းခေါင်းစာရင်းကောက်တဲ့အထဲမှာ ခေါင်းဆောင်လုပ်နေ တာ၊ သူက မြို့မရပ်ကွက်မှာနေတာပဲ၊ အသက် ၆၀ ကျော်မယ်၊ သူက Non CDM တွေနဲ့ အဆက် အ သွယ်ရှိတယ်လေ၊ သူတို့တွေနဲ့ပေါင်းပြီးမှ အဲဒီသန်းခေါင်စာရင်းကောက်တာ၊ လက်ရှိတော့ သူ့ကို စစ်ဆေးပဲ၊ ဘယ်လိုအရေးယူမလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ သန်းခေါင်းစာရင်း ကောက်တဲ့သူတွေအနေနဲ့ ဆက်မကောက်ဖို့နဲ့ ဆက်ကောက်မယ်ဆိုရင် ထုတ်ပြန်ချက်အတိုင်းပဲ ကျနော်တို့ အရေးယူသွားဖို့ရှိပါတယ်” ဟု PDF Zoland မှ တာဝန် ရှိသူတစ်ဦးက ပြောကြာသည်။

 

PDF Zoland နှင့် Chin Brotherhood တို့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာ ရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်သူများအား ထုတ်ပြန်တားမြစ်ချက်များအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *