Bago News

0 0
Read Time:2 Minute, 23 Second

ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်းပေးနေသူ ရာမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

အောက်တိုဘာ ၄

 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်း ပေးနေသူ ရာမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မ တော် ၃၆၀၂ တပ်ရင်းထံ က သိရသည်။

 

အောက်တိုဘာလ ၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ ဆင်ခေါင်းအုပ်စုအတွင်းရှိ လူငယ်များကို အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း အတင်းအဓမ္မစစ်မှုထမ်းဆောင်စေရန် အား တက်သရော လုပ်ဆောင်ပေးနေသော ရာမှူး တင်ဆန်းကို ကြံ့သေရွာထိပ်၌ ပစ်ခတ်ခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ PDF တပ်ရင်း ၊ လှုပ်ရှား ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ တင်ဆန်းသည်အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို ပေးပို့ခြင်း၊ အဓမ္မစစ်မှုထမ်း စုဆောင်းပေးခြင်း၊ ကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးများကောက်ခံခြင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအား ဦးဆောင်၍ ကျေးရွာနေပြည်သူများကို ဟောပြောခြင်း၊ စည်ရုံးခြင်းများကို လုပ်ဆောင်နေ့သည့် အတွက် အရေး ယူခြင်းဖြစ်သည်ဟု ဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ထွေအုပ်စာရေးများနှင့် စစ်ကောင်စီ၏ စေခိုင်းရာ သန်းခေါင်စာရင်း ကောက်ပေးနေသည့် မည်သည်ဌာနဆိုင်ရာ ဝန်ထမ်းများကို မဆိုပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *