Yangon News

0 0
Read Time:2 Minute, 16 Second

အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ရှိ စရဖ ရုံးချုပ်ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိ ခိုက်မှုရှိ

 

D Day News

အောက်တိုဘာလ ၃

 

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင် စရဖ ရုံးချုပ်ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Ragoon Urban Column ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ည ၇ နာရီ ၁၇ မိနစ်အချိန်က အောင်မင်္ဂလာအဝေးပြေးကွင်းရှေ့ ရှိ အကြမ်းဖက်စစ်တပ် စစ်ဖက်ရေးရာလုံးခြုံရေးတပ်ဖွဲ့ – စရဖ ရုံးချုပ်ကို ၇၉ မမ လောင်ချာဖြင့် ၄၀ မမ ဗုံးသီး အသုံးပြုပြီး ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပထမ အကြိမ်ပစ်ခတ်မှုတွင် ဗုံးသီးချို့ယွင်းမှုဖြစ်ခဲ့သော် ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက်မှုတွင် ပစ်မှတ် နေရာသို့ တိကျစွာကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြေင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Rangoon Urban Column စစ်ကြောင်း ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီတပ် စရဖ တပ်သားများသည် ရန်ကုန် UG ရဲဘော်များ လိုက်လံ ဖမ်း ဆီးရာတွင် အဓိကျူးလွန်လျက်ရှိသဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက် တင်ဘာလအတွင်းတွင် ရန်ကုန်မြို့အတွင်းရှိ မြေအောက်တော်လှန်ရေးရဲဘော် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
100 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *